လူ့အခွင့်အရေး လုပ်ငန်းတွေ အတွက် ရန်ပုံငွေလျှောက်ထားဖို့ အမေရိကန်ဖိတ်ခေါ်


2014.03.21
thai_fishing_boat_migrant_worker3_305_z.jpg ထိုင်းနိုင်ငံ ငါးဖမ်းစက်လှေများပေါ်တွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများသည် လုပ်ခလစာ ပုံမှန်မရသည့်အပြင် သူတို့ကို လူမှောင်ခို ပွဲစားများ အဆင့်ဆင့် ရောင်းစားခဲ့ကြရသည်။
RFA

မြန်မာနိုင်ငံမှာ ပြည်သူလူထုကို အခြေခံတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာဖို့နဲ့ ပြည်သူတွေအကြား ဘာသာရေး၊ လူမျိုးရေး အတူယှဉ်တွဲ နားလည်နေထိုင်နိုင် ဖို့ လုပ်ငန်းတွေအတွက် လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၉ သိန်းနီးပါး လျှောက် ထားနိုင်ကြောင်း အမေရိကန်အစိုးရက မနေ့က ကြေညာ ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး အခြေအနေတွေ တိုးတက်ကောင်းမွန်လာရေး၊ ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ချက်ချတဲ့အလေ့အထ ထွန်းကားရေးတို့အတွက် အမေရိကန်ဒေါ်လာ ၈ သိန်း ၉ သောင်းကို စီမံကိန်းတင်ပြနိုင်တဲ့ အဖွဲ့အစည်းတွေကို ၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် အကူညီပေးအပ်သွား မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအထဲက အမေရိကန်ဒေါ်လာ ၃ သိန်း ၉ သောင်း ၅ ထောင်ကို ပြည်သူလူထုကို အခြေခံတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်ပေါ်လာဖို့ရည်ရွယ်တဲ့ စီမံကိန်းတွေအတွက် ပေးအပ်မှာဖြစ်ပြီး ကျန်တဲ့ အမေရိကန်ဒေါ်လာ ၄ သိန်း ၉ သောင်း ၅ ထောင်ကိုတော့ ဘာသာရေး၊ လူမျိုးရေး အတူယှဉ်တွဲနေထိုင်နိုင်ရေး လူမှုရေး လုပ်ငန်းတွေကို ပေးအပ် သွားမယ်လို့ ဆိုပါတယ်။

ဒီရန်ပုံငွေကို သတ်မှတ်ထားတဲ့ လျှောက်လွှာလိုအပ်ချက်အရ ဧပြီလ ၂၅ ရက်နေ့ နောက်ဆုံးထား လျှောက်ထား ရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။