မြန်မာပြည်ပေါ် ပို့ကုန်ပိတ်ဆို့မှုု အမေရိကန်အစိုးရ ကင်းလွတ်ခွင့်ပြု

၁၀ နှစ်နီးပါး တားဆီးပိတ်ဆို့ ထားခဲ့တဲ့ မြန်မာပို့ကုန်တွေထဲက အများစုကို ကင်းလွတ်ခွင့်ပြု လိုက်ကြောင်း အမေရိကန် အစိုးရက မနေ့က ကြေညာလိုက်ပါတယ်။

2012.11.16
teak_log_export_305_z.png နိုင်ငံခြားသို့ တင်ပို့မည့် ကျွန်းသစ်လုံးများကို ရန်ကုန် ဆိပ်ကမ်းတွင် တွေ့ရပုံ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ သစ်မျိုးစုံကို ပြည်ပသို့ တရားဝင် နည်းလမ်းအပြင် မှောင်ခိုလမ်းကြောင်းများမှလည်း ပို့ဆောင်နေသည်။
Photo: RFA

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ ပိုမို အားကောင်းလာရေး မျှော်လင့်ချက်နဲ့ ပိတ်ဆို့မှု ရုတ်သိမ်းလိုက်တာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ ဘဏ္ဍာရေးဌာနတ့ိုက ကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။

အမေရိကန် သမ္မတ အိုဘားမား ရဲ့မြန်မာပြည်ခရီးစဉ် မစတင်ခင် အခုလို ပို့ကုန်ပိတ်ဆို့မှု ရုတ်သိမ်းလိုက်တာပါ။ ဒါပေမဲ့  မြန်မာနိုင်ငံတွင်း အကျင့်ပျက်ခြစားမှုနဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားရာ  အဓိကကဏ္ဍဖြစ်တဲ့ ကျောက်မျက်ရတနာတွေ နဲ့ အဲဒီကျောက်မျက်တွေပါဝင်တဲ့လက်ဝတ်ရတနာပစ္စည်းတွေကိုတော့ ဆက်လက်ပိတ်ဆို့ထားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီကြေညာချက်နဲ့အတူ အမေရိကန်ဘဏ္ဍာရေးဌာနက SDN ခေါ် အထူးတလည် ဦးတည်သတ်မှတ် ပိတ်ဆ့ိုအရေးယူထားသူ လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းများ စာရင်းမှာ အမည်သစ် (၇) ခု ထပ်ပြီးတိုးလိုက်ပါတယ်။ အဲဒီ နောက်တိုးစာရင်းမှာ အရင်စစ်အစိုးရ အာဏာပိုင်တွေနဲ့ ပတ်သက်ခဲ့သူတွေဖြစ်ကြတဲ့ ဦးတေဇ၊ စတီဗင်လောနဲ့ ဇနီး  တ့ိုပိုင်ဆိုင် ထိန်းချုပ်တဲ့ စင်္ကာပူ၊ ရန်ကုန်နဲ့ နေပြည်တော်က  ကုမ္ပဏီ (၇) ခု ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပေမဲ့ နိုင်ငံရေးအကျဉ်းသား၊ လူမျိုးစုပဋိပက္ခ၊ အကျင့်ပျက်ခြစားမှု၊ မြောက်ကိုရီးယားနဲ့ စစ်ရေးဆိုင်ရာ အဆက်အဆံစတာတွေနဲ့ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက စိုးရိမ်နေဆဲ၊ အနီးကပ် စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။