မြန်မာတွင် ရင်းနှီးမြှုပ်နှံခွင့် အမြန်ဆုံးပေးရန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း

မြန်မာနိုင်ငံမှာ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဆိုင်းငံ့ထားပြီ ဖြစ်တဲ့အတွက် အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ အနေနဲ့ သွားရောက် ရင်းနှီးမြှုပ်နှံခွင့် အမြန်ပေးဖို့အမေရိကန် အထက်လွှတ်တော်အမတ်တွေက အိုဘားမားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

2012.06.27
jim_webb_305px.jpg အမေရိကန် အထက်လွှတ်တော်အမတ် Jim Webb ဖြစ်ပါသည်။
(Photo: AFP)

၂၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွက် ပထမဆုံး အမေရိကန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဖို့ Mr.Derek Mitchell ကို အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အတည်ပြုပွဲ အခမ်းအနားမှာ ဒီမိုကရက်တစ်ပါတီ အမတ် Jim Webb နဲ့ Republican အမတ် James Inhof တို့က တိုက်တွန်းလိုက်ကြတာပါ။

Mr Jim Webb က ပြောကြားရာမှာ တရုတ်ပြည်ကို နမူနာပြ ပြောသွားပါတယ်။ အမေရိကန် အစိုးရဟာ တရုတ်ပြည်အပေါ် ချမှတ်ခဲ့တဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်လည် ရုတ်သိမ်းခဲ့တာ ၄၁ နှစ်ရှိသွားပြီ ဖြစ်ကြောင်း၊ အမေရိကန်ရင်းနှီး မြှုပ်နှံမှုတွေ ဆက်တိုက်တိုးပွားးလာခဲ့ပြီး လွန်ခဲ့တဲ့နှစ်ကဆိုရင် နှစ်နိုင်ငံ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၅၃၀ ဘီလျံ ရှိခဲ့ပြီး တရုတ်ပြည်ဟာ အမေရိကန်ရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်လို့ ပြောသွားတာပါ။

သံအမတ်ကြီး Mr. Mitchell က တော့ အမေရိကန် ကုမ္ပဏီတွေ ရင်းနှီးမြုပ်နှံမှု လုပ်နိုင်ကြဖို့ အသေးစိတ် အစီအစဉ်တွေကို အစိုးရအနေနဲ့ ပြုစုရေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့စီးပွားရေးမှာ ဘယ်ကဏ္ဍကိုမှ ချန်လှပ်ထားမှာ မဟုတ်ကြောင်း ပြောကြားသွားပါတယ်။

Mr.Derek Mitchell ကို အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အတည်ပြုပွဲနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦၤးသစ်ဆင်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

တင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။