အမေရိကန်နဲ့ သြစတြေးလျ သံအမတ် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေကို သွားရောက်


2013-04-08
Share

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ သြစတြေးလျသံအမတ်ကြီး Bronte Moules အပါအဝင် ဗြိတိန်သံရုံး တာဝန်ရှိသူတွေ၊ လူဝင်မှုကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို မနေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။

မနက်ပိုင်းမှာ စစ်တွေမြို့ကနေ ရဟတ်ယာဉ်နဲ့ ပေါက်တော၊ မြေပုံမြို့နယ်တွေက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး၊ နေ့လည်ပိုင်းမှာ စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်းတချို့ကို သွားရောက်ခဲ့ပါတယ်။

အခုခရီးစဉ်ဟာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေနဲ့၊ မိုးရာသီမရောက်ခင် ဒုက္ခသည်အားလုံး အမိုးအကာအောက်ရောက်ရှိရေး ကိစ္စရပ်တွေအတွက် အဓိကလာရောက်ခဲ့ကြတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးသာလူချေက RFA ကို ပြောပါတယ်။

ဒီအဖွဲ့မှာ ကုလသမဂ္ဂလက်အောက်ခံ UNHCR ရဲ့ ဌာနေကိုယ်စားလှယ် Richard Tracey နဲ့ ECHO အဖွဲ့အစည်းက တာဝန်ရှိသူတွေလည်း လိုက်ပါခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။