အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ခရီးစဉ် အတွင်း ပြစ်ဒဏ်ခတ်မှု လျှော့ချဖို့ မရှိ
2011.11.23
၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် အမေရိကန်- အာစီယံ ဝန်ကြီးအဆင့် အစည်းအဝေးတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို တွေ့ရစဉ်။ (State Dept Image)
State Dept Image
ဟီလာရီ ကလင်တန်ရဲ့ မြန်မာ ခရီးစဉ်ဟာ တိုင်းရင်းသား ကိစ္စတွေ အပါအဝင် လူ့အခွင့်အရေး တိုးတက်မှု အခြေအနေ လေ့လာဖို့ ဖြစ်ပြီး ဒဏ်ခတ် ပိတ်ဆို့မှု ရုပ်သိမ်းရေး အတွက် ဆွေးနွေးဖို့တော့ အချိန်မတန်သေးဘူးလို့ အမေရိကန် သမ္မတရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ ဒုတိယ အကြံပေး ပုဂ္ဂိုလ် Ben Rhodes က ဝါရှင်တန်မြို့တော်မှာ မနေ့က သတင်းထောက်တွေကို ပြောကြားလိုက်တာပါ။
အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အရေးဟာ မိမိတို့နိုင်ငံ အတွက် အရေးပါတဲ့ ဦးတည်ချက် တစ်ခုအဖြစ် အသေးစိတ် မျက်ခြည်မပြတ် လေ့လာ စောင့်ကြည့်နေတယ်လို့လည်း Mr. Rhodes က ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာလဆန်းမှာ မြန်မာနိုင်ငံကို ၂ ရက်ကြာသွားရောက်ပါမယ်။









