မြန်မာဒုက္ခသည်တွေကို အမေရိကန်ခေါ်ယူမှု ရပ်ဆိုင်း

2014-01-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည်များ စခန်းတွင်းရှိ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရှေ့တွင် ဆန္ဒပြနေစဉ်
နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည်များ စခန်းတွင်းရှိ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရှေ့တွင် ဆန္ဒပြနေစဉ်
Photo sent by RFA listener

ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေကို ကုလသမဂ္ဂရဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်အတိုင်း အမေရိကန်ပြည်ထောင်စု က ခေါ်ယူနေတာကို ရပ်ဆိုင်းလိုက်ပြီလို့ ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မနေ့က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့နေထိုင်ခွင့် ရဖို့လျှောက်လွှာကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က နောက်ဆုံးထားလက်ခံပြီးတဲ့နောက် ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ၂၀၀၅ ခုနှစ်ကနေစပြီး မြန်မာဒုက္ခသည် ၇ သောင်း ၃ ထောင် လက်ခံခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ လူဦးရေ၊ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းသူများဆိုင်ရာဌာန လက်ထောက်အတွင်းရေးမှူး Anne Richard က ပြောပါတယ်။

နောက်ထပ် ဒုက္ခသည် ၂ သောင်းလောက်ကိုတော့ သြစတြေးလျ၊ ကနေဒါ၊ ဖင်လန်နဲ့ဂျပန်နိုင်ငံတွေကို ၉ နှစ်အတွင်း ပို့ပေးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းပေါင်း ၉ ခုမှာ လူဦးရေ ၁ သိန်း ၂ သောင်းလောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
Share

(

Real refugees miss opportunity to go to United states but many opportunists go to USA.. Hard to understand how UNHCR handle it.

Feb 03, 2014 09:35 AM

အမည်မဖော်လိုသူ

တကယ့်ဒုက္ခသည်တွေက မသွားရပဲ ရန်ကုန် ၊ မန္တလေးမှာ အကျထိုင်စောင့်နေတဲ့ “အင်”ဒုက္ခသည်တွေပဲ သွားနေရတော့ ..အင်း .. အိုဘားမား“ခံ”လိုက်ရတာပေါ့။

Jan 30, 2014 09:06 PM

ဆိုက်တခုလုံးသို့