ရိုဟင်ဂျာ အမည်ကိုသာ ခေါ်ဝေါ်သုံးမည်

2016-05-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့ အမေရိကန်စင်တာမှာ မေလ ၁ဝ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သံအမတ်ကြီး Scot Marciel က မေးမြန်းချက်များကို ပြန်လည်ဖြေကြားစဉ်
ရန်ကုန်မြို့ အမေရိကန်စင်တာမှာ မေလ ၁ဝ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်သံအမတ်ကြီး Scot Marciel က မေးမြန်းချက်များကို ပြန်လည်ဖြေကြားစဉ်
Photo: U.S. Embassy Rangoon Facebook

အမေရိကန်အစိုးရအနေနဲ့ ရိုဟင်ဂျာ အမည်ကိုသာ သုံးစွဲသွားမှာဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ကျင်းပတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စီးပွားရေး အသိုင်းအ၀ိုင်း၊ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်တာ ဖြစ်ပါတယ်။

သတင်းထောက်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်သံအမတ်ကြီးကို ရိုဟင်ဂျာ အမည်ကိစ္စပြော တယ်ဆိုတာ အတည်ပြုပေးနိုင်မလား အမေရိကန်အစိုးရရဲ့ သဘောထား ဘယ်လိုရှိပါသလဲလို့ မေးမြန်းရာမှာ သံအမတ်ကြီး Mr. Marciel က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ကျနော်တို့ချဉ်းကပ်မှုက တကမ္ဘာလုံးမှာရှိတဲ့ ဘယ်နေရာက လူ့အဖွဲ့အစည်းမဆို သူတို့ကို ခေါ်စေချင် တယ်ဆိုတဲ့အတိုင်း ကျနော်တို့က ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ အဲဒါဟာလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ချဉ်းကပ်မှု ရပ်တည်မှု ဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့လည်း အရင်ကတည်းက အဲဒီအတိုင်းပဲ ရပ်တည်ခဲ့သလို ဆက်လက်ပြီးတော့လည်း ဒီအတိုင်းပဲ ရပ်တည်သွားမှာ ဖြစ်ပါတယ်" လို့ သံအမတ်ကြီး Scot Marciel က ပြောသွားတာပါ။

သံအမတ်ကြီးက သူ့အနေနဲ့ သံတမန်ဆက်ဆံရေးအရ ပြောဆိုဆွေးနွေးတာတွေကို အများပြည်သူကို ပြောလို့ မရကြောင်းလည်း ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သံအမတ်ကြီးက အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားပြီး ချမ်းသာကြွယ်ဝ တဲ့ နိုင်ငံဖြစ်စေချင်သလို လူတိုင်း လူ့အခွင့်အရေး အပြည့်အဝခံစားရတာ မြင်စေလိုကြောင်းလည်း ပြောပါတယ်။

ကွန်မင့်များ (8)
Share

airrow

Hi.. Mr Marciel
IF YOU ARE USING THE WORD ROHIN JAR OR TALKING ABOUT ROHIN JARS, WE DO NOT KNOW
WHAT YOU ARE IMPLYING SINCE ROHIN JARS ARE NOT APART OF BURMA.

May 11, 2016 08:24 AM

အမည်မဖော်လိုသူ

နိုင်ငံတကာ က ခေါ်ချင်တာ ခေါ်ပါ
ကိုယ်တိုင် မ ခေါ်ရင် လက်မခံရင် ပြီးတာပဲ

May 11, 2016 02:19 AM

U Htet

တကမ္ဘာလုံးမှာရှိတဲ့ ဘယ်နေရာက လူ့အဖွဲ့အစည်းမဆို သူတို့ကို ခေါ်စေချင် တယ်ဆိုတဲ့အတိုင်း ကျနော်တို့က ခေါ်ဆိုရမှာ ဖြစ်ပါတယ်။လို့အမေရိကန်သံအမတ်ကသူ့ရပ်တည်ချက်ကိုပြောပါတယ်။ မြန်မာနိုင်ငံလူ့အဖွဲ့အစည်း နဲ. ရခိုင်ပြည်နယ်တွင်းနေထိုင်တဲ့သူ လူ့အဖွဲ့အစည်းက အများစုလက်မခံ တာကို ပြောဆိုလုပ်ကိုင်ခြင်တာကရော အမေရိကန်သံအမတ်ရဲ့ ရပ်တည်ချက်ပါပဲလား

May 11, 2016 01:46 AM

အဖြေကရှင်းသွားပါပီ

မြန်မာအစိုးရကတရားဝင်မပြောလို့ ခေါ်ရပါတယ်တဲ့

အခုအစိုးရတရားဝင်သံတမန်နည်းအရပြောပြန်တော့လည်း ဆက်ခေါ်မှာပဲတဲ့.....

ဘယ်လိုပဲဟိုအကြောင်းပြ ဒီအကြောင်းပြနေပေမဲ့
စိတ်ရင်းစေတနာအမှန်ပေါ်သွားပြီးအဖြေကရှင်းသွားပါပီ...




May 10, 2016 11:37 PM

"စောစောစီးစီးသိလိုက်ရတာ ကံကောင်းလို့ "

"စောစောစီးစီးသိလိုက်ရတာ ကံကောင်းလို့ "
ဆိုတဲ့ သီးချင်းထဲကလို

မြန်မာပြည်သူတွေ နှင့် မြန်မာအစိုးရက အမေရိကန်ရဲ့ သဘောထားကို အခုလို စောစောcစီးစီး သိလိုက်ရတော့ တိုင်းပြည်အတွက် ဘာတွေပြင်ဆင်လုပ်ရမလဲ
ဆိုတာ စဉ်းစားလို့ ရသွားတော့ပေါ့..

May 10, 2016 11:28 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့