ဂီရိမုန်တိုင်း ဒုက္ခသည်တွေ အတွက် ဒေါ်လာ ၃ သိန်း အမေရိကန်လှူ
2010.11.23
တောင်ကြီးဟု အဓိပ္ပာယ်ရသည့် ဂီရိ အမည်ရှိ မုန်တိုင်း မြန်မာနိုင်ငံ၊ ကျောက်ဖြူဒေသကို အောက်တိုဘာ ၂၂ ရက် သောကြာနေ့က ဝင်ရောက်သည့် အခြေအနေပြ မြေပုံ ဖြစ်ပါသည်။ တွက်ချက် ခန့်မှန်းချက်များအရ သောကြာနေ့ည ၁၁ နာရီတွင် အဆင့် ၂ မုန်တိုင်း၊ စနေနေ့ နံနက် ၁၁ နာရီတွင် အပူပိုင်းဒေသ မုန်တိုင်းအဖြစ်သို့ ပြောင်းလဲကာ စနေနေ့ ည ၁၁ နာရီတွင် လျော့ပါးသွားမည့် အနေအထားကို ပြသနေပါသည်။ (RFA Graphic; Source: Weather Underground)
(RFA Graphic; Source: Weather Underground)
မုန်တိုင်း ဒုက္ခသည်တွေ အတွက် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေရဲ့ လှုဒါန်းကူညီမှုကို စုစည်းပြီး ဦးအေးသာအောင်တို့က ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ ကိုယ်တိုင် သွားရောက် ကူညီခဲ့တာပါ။
အဲဒီမှာ မြေပုံမြို့နယ်က အပျက်အစီးများပြီး ခုချိန်ထိ နေစရာ အခက်အခဲ ဖြစ်နေသလို၊ သောက်သုံးရေ အခက်အခဲ ကြုံနေရတယ်လို့ပြောပါတယ်။
ဒါကြောင့် တချို့ရွာတွေက ရွာလုံးကျွတ် ပြောင်းရမယ့် အနေအထား ရောက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံတွေဟာ ငါးဖမ်းလုပ်ငန်းနဲ့ စိုက်ပျိုးရေးကို အဓိက အားပြုကြရတဲ့ အတွက် လယ်မြေတွေ ပျက်စီး ဆုံးရှုံးရတာက တကြောင်း၊ ငါးဖမ်းပိုက်တွေ လှေတွေ ဆုံးရှုံးရတာက တဘက်နဲ့ အသက်မွေးဝမ်းကြောင်းမှုတွေပါ ထိခိုက်နေတာ တွေ့ရလို့ အကူအညီတွေ ရအောင် ကြိုးစားနေတယ် လို့ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးအေးသာအောင်နဲ့ဆက်သွယ် မေးမြန်းချက် ကိုလည်း နားဆင်နိုင်ပါတယ်။
| ဦးအေးသာအောင်နှင့် ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန် |









