ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည်

2018-01-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် ကို အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်
ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် ကို အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လစ်လပ်မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဒီနေ့ ပြောပါတယ်။

ဘယ်နေရာတွေမှာ ပိုပြီးအလေးထားယှဉ်ပြိုင်မလဲဆိုတာ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်မယ် လို့ ဒေါက်တာနန္ဒာလှမြင့် က ပြောပါတယ်။

"ရွေးကောက်ပွဲကော်မရှင်က ကြေငြာလို့သိရပြီပေါ့နော်၊ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၈ နေရာကို ကျင်းပမယ်၊ ကျနော်တို့ ပါတီအနေနဲ့ကတော့ မူအားဖြင့်တော့ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိပါတယ်၊ ကျနော်တို့ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကျင်းပမယ့် အချိန်မှာတော့ ဝင်ပြိုင်သင့်၊ မသင့်ကို ဆုံးဖြတ်ဦးမှာပါ၊ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ၊ ရွေးချယ်ရမှာတော့ ပြည်သူတွေအပိုင်းပေါ့နော်"

ကိုယ်စားလှယ်လောင်းတွေကိုတော့ အောက်ခြေကနေ ရွေးချယ်ပေးလိုက်တဲ့သူကိုပဲ  ရွေးချယ်သွား မှာဖြစ်ပြီး ပြည်သူတွေက အကောင်းဆုံးရွေးချယ်ပေးလိမ့်မယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ကျင်းပပြုလုပ်ခဲ့ပြီး NLD ပါတီက ၁၀ နေရာ၊ SNLD က ၆ နေရာ၊ USDP၊ ရခိုင်အမျိုးသားပါတီနဲ့ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့က တစ်နေရာစီ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့