အစိုးရဖွဲ့လို့ရတဲ့အထိ အနိုင်ရရှိ ဖို့ ပြည်ခိုင်ဖြိုးပါတီ မျှော်လင့်

2015-07-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗဟန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှာ ဇူလိုင်လ ၂၉ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ခန့်အပ်ပွဲအခမ်းအနားတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း ကိုတွေ့ရစဉ်။
ဗဟန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးမှာ ဇူလိုင်လ ၂၉ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ခန့်အပ်ပွဲအခမ်းအနားတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း ကိုတွေ့ရစဉ်။
Photo: Aung Thain Kha/ RFA

လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အများစုအနိုင်ရမယ် လို့ မျှော်လင့်မထားပေမယ့် အစိုးရ ဖွဲ့နိုင်လောက်တဲ့ အထိတော့ နိုင်မှာဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဒီနေ့ ကျင်းပတဲ့ ကိုယ်စားလှယ်ခန့်အပ်ပွဲမှာ ပြောပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ပြည်ခိုင်ဖြိုးပါတီရုံးမှာ ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ်လောင်း ခန့်အပ်ပွဲအခမ်းအနားအပြီးမှာ ပါတီအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ပြောကြားခဲ့တာပါ။

"၂၀၁၀ လိုတော့ အဲ့လိုအနိုင်ရလဒ်မျိုး မမျှော်မှန်းပါဘူး၊ အဲ့လိုလည်းမဖြစ်နိုင်ပါဘူး၊ ဒါပေမဲ့ ကျနော်တို့ ထိုက်သင့်တဲ့အချိုးတော့ရမယ်၊ ကျနော်တို့ကိုယ့်ဟာကို ယုံကြည်တာတော့ ကျနော်တို့ရဲ့အနိုင်ရလဒ်နဲ့ပဲ ကျနော်တို့ကတော့ အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ အဲ့လောက်ထိမျှော်မှန်းပါတယ်"

ပြည်ခိုင်ဖြိုးပါတီဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၅ ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒ နယ် ၁၂ ခု၊ တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၉၀ နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ စုစုပေါင်း ၁၄၉ နေရာမှာ ရွေးကောက်ပွဲဝင်မှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး တပ်မတော်က ဗိုလ်ချုပ်အဆင့် တချို့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပေမယ့် အမည်စာရင်းကိုတော့ မထုတ်ပြန်နိုင်သေးကြောင်း ဦးမောင်မောင်သိမ်း က ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ တစ်နိုင်ငံလုံးအနှံ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်လောင်းအားလုံးရဲ့ အမည်စာရင်းကို လာမယ့်သြဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဒီနေ့ ဗဟန်းမြို့နယ်က ပါတီရုံးမှာ ပြုလုပ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားအကြောင်း RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (4)
Share


နရေပျ- မဲဆွယ်

တသက်လုံးက ပြည်သူ့မျက်နှာက ိုဘယ်သော အခါမှ မကြည့်ခဲ့သော ပါတီ သည် ၂၀၁၅
ေ ရွးကောက်ပွဲ္စ နီးလာသောအခါ ပြည်သူကို ရင်ထဲမှမပါသော မစားရဝခမန်းစကားများ ချေးငွေများ ထုတ်ပေး မယ်ဆိုပြီး မဲဆွယ်လာကြတယ်။ ဟို ကတိစကားများ ဒီ ကတိစကားများဆိုတာတွေ ပေးပြီးကို ယုန်တောင်ပြေး ခွေးမြောက်လိုက်ပုံစံမျိုးဖြင့် အူလျားဖားလျား ဆောင်ရွက်လာကြ၏။
ဒါတွေ ကို “ထင်ယောင်ထင်မှား” ၊ “ဝေတဝိုးဝါး” ၊ “ရှုပ်ရှုပ်ထွေးထွေး” ဖြစ် ေ အာင် မဲဆွယ်လာကြတယ်။ စားဖားအချို့ကလည်း ဗုဒ္ဓဘာသာဝင်တို့၏ သည်းခြေကြိုက်ဖြစ်သော ဝါဒဖြန့်စကားများ လှိမ့်လုံးခြောက်လုံးမျာကို သုံးကာ ကိုယ်ကျိုးစီးပွားအတွက် သာသနာကို ခုတုံးလုပ်လာကြပြီ။
မဘသ လူမိုက်တွေကို သုံးလာကြပြီ။ အာဏာကို တသက်လုံး လက်မလွှတ်ဘဲ ကိုင်ထားကြသူများကလည်း သူတို့အုပ်ချုပ်မှပဲ တိုင်းပြည်အေးချမ်းသာယာတော့မယောင်၊ အတိုက်အခံများလက်သို့ အာဏာရောက်သွားလျှင်ဘဲ ကမ္ဘာပျက်တော့မလိုအပေါက်မျိုး ချိုး လာကြပြီ။ အာဏာရှင်မျိုးဆက်ဟောင်းတို့ကလည်း အမျိုးသားနိုင်ငံရေးဟူသော စကားကို တွင်တွင်ပြောကာ ယခင်က ခိုးဝှက်ထားခဲ့သော နိုင်ငံတော်ဘဏ္ဍာများကို ကိုယ်ကျိုးအတွက် ပြန်ဖော်လာတယ်။ ခရိုနီပေါက်စတို့သည် သူတို့ဆရာကြီးများဖြစ်သော ခရိုနီဘိုးအေကြီးများ ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း ရာထူးအာဏာလုပ်ပိုင်ခွင့်လေးများ ရလိမ့်နိုးနိုးဖြင့် ဝန်ကြီး၊ ဝန်ကလေးတို့ အပါးမှမခွာဘဲ ခွေးက ိုသံကြိုးနှင့်ဆွဲသည့်ပမာ တကောက်ကောက် လျှောက်လိုက်နေတယ်
၂၀၁၅ ေ ရွးကောက်ပွဲ အလွန်မှာ ပေး တဲ့ ကတိစကားများ လေပေါ်တွင် ပျောက်ကွယ်
သွားတော့မှာပါ
ဒါမျိုး ရိုးနေပြီ..အ သူတွေသာ ခံကြ။

Jul 29, 2015 10:08 PM

ချစ်​စနိုး

နရေပျ- ဘန်​​ကောက်

ဘယ်အစိုးရမှ အလုံးစုံပြည်သူဖြစ်ခြင်တဲ့ဟာမလုပ်ပေးနိုင်ပါဖူ
အခုဦးသိန်းစိန်တို့လုပ်နေတာအရေကြီးဆုံးဖြစ်တဲ့ ပြည်တွင်း
ငြိမ်းချမ်းရေးပဲ အဲဒါရရင် တိုင်းပြည်တည်ဆောက်ရးကလွယ်သွားပီ၊ ကြံဖွတ်ကိုအလုံစုံမနှစ်သက်သော်လည်း အဲလိုဆနေဆုနေအပုပ်ချနေ တိုက်ခိုက်နေတာအဖြေမဟုတ်ဖူး၊ပိုဆိုးဝါးစေတယ်၊၂ဖက်စလုံးရဲအစွန်းသမားတွေကြောင့်ယုံကြည်မှုခုထိမရသေးတာ၊

Jul 30, 2015 09:38 PM

ခ်စ္​မ

သူအပိုတွေသိတ်ပြောတာပဲ

Jul 31, 2015 11:14 AM

ခ်စ္​စနိုး

စကားတတ်တိုင်းလျောက်ပြော အမြင်ကပ်လာပီနော်

Jul 31, 2015 11:15 AM

အမှန်​မြင်​ပြည်​သူ

ဒီလိုရေးနိုင်ရင်စာရေးဆရာလုပ်မလား၊ သတင်းသမားလုပ်မလား ၊နိုင်ငံရေးသမားလုပ်မလားတခုခုလုပ်လို့ရပီ

Jul 31, 2015 11:19 AM

မေပုလဲ

နရေပျ- ​နေပြည်​​တော်

ဇတ်လမ်းကောင်းတယ် ရုပ်ရှင်ရိုက်ပါလား
နိုင်ငံအကျိုးပြု အကယ်ဒမီရမှာကျိမ်းသေတယ်

Jul 31, 2015 09:31 PM

ဂါမဏီ

အမှန်ကိုအမှန်တိုင်းမြင်ပီးပြောလာတာဟာဒီမိုကရေစီအလေ့ကျင့်ရဲ့အနှစ်သာရတခုကိုပြသတာပဲ။ဒါကလေးစားစရာကောင်းပါတယ်။

Jul 29, 2015 09:06 PM

ရိုးးရိုးျပည္သူ

နေရပ်- Myanmar

ဟားဟား ဗိုလ်လှဌေးဝင်း ဆိုတာ ရန်ကုန် သံဃာ့ အရေးအခင်း မှာ သံဃာတွေ ကို သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားပါ။ ပြည်သူက ဘယ်ထောက်ခံမှာလဲ။

Jul 29, 2015 08:47 PM

လူထု

နေရပ်- Myanmar

အမလေး စစ်ဗိုလ် တဖြစ်လဲ အာဏာရှင် လက်သစ် အစိုးရ ကို ပြည်သူတစ်ရပ် လုံး မလိုလားပါဘူး။ သူတို့လောက်တော့ ခွေး အမြီးဖြတ် ပြိုင် ခိုင်း ရင်တောင် နိုင်တယ်။ မဲသာ မလိမ်နဲ့။

Jul 29, 2015 07:57 PM

ဆိုက်တခုလုံးသို့