ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ၃၃၀ မှာ ၀င်ရောက်ယှဉ်ပြိုင်မည်

2014-12-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကြံ့ခိုင်ဖွံ့ဖြိုးရေး ညီလာခံသို့တက်ရောက်လာသော သူရဦးရွှေမန်း၊ သမ္မတကြီး ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဦးစိုင်းမောက်ခမ်းနဲ့ ကိုယ်စားလှယ်များကို တွေ့ရစဉ်
ကြံ့ခိုင်ဖွံ့ဖြိုးရေး ညီလာခံသို့တက်ရောက်လာသော သူရဦးရွှေမန်း၊ သမ္မတကြီး ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဦးစိုင်းမောက်ခမ်းနဲ့ ကိုယ်စားလှယ်များကို တွေ့ရစဉ်
Photo: RFA

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တစ်ပြည်လုံးမှာရှိတဲ့ အထဲက မြို့ပေါင်း ၃၃၀ မှာ ဝင်ရောက်ယှဉ်ပြိုင်သွား မှာဖြစ်တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ပြောပါတယ်။

အဲဒီအတွက် ကိုယ်စားလှယ်လောင်းလျာထားတဲ့ စာရင်းတွေကို အောက်ခြေက ပါတီဗဟိုဌာနချုပ်ဆီ တင်ပြထားပြီးဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက ပြောပါတယ်။

"ပါတီဌာနချုပ်က အတည်ပြုပြီးတော့မှ ချပေးမှာပေါ့ ၊ အောက်ကနေပြီးတော့ လျာထားတင်ပြ တာလေးတွေတော့ လုပ်ထားပါတယ်၊ ကျနော်တို့ ရန်ကုန်တိုင်းမှာတော့ ၄၅ မြို့နယ်ရှိတာပေါ့လေ၊ ၄၅ မြို့နယ်အတွက်ကို လျာထားတာပေါ့၊ ပြည်သူ့ လွှတ်တော်ထဲကတော့ အားလုံးဝင်ပြိုင်မယ်ဆိုရင်တော့ ၃၃ဝ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ ပြည်နယ်တိုင်း အသီးအသီးမှာတော့ ၁၂ ဦးစီ ရှိမှာပေါ့နော်၊ ပြည်နယ်တိုင်း ၁၄ ခုအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ တစ်မြို့နယ်ကို ၂ ဦးစီနဲ့ ရှိမှာပေါ့နော်"

တစ်ပြည်လုံးက မြို့ပေါင်း ၃၃၀ ကို ကိုယ်စားပြုမယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာအားလုံးအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက အောင်မြင်မှုမရရှိခဲ့တာတွေကို သင်ခန်းစာယူပြီး တစ်နိုင်ငံလုံးမှာ စည်းရုံးရေးတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လက်ရှိပါတီဝင်အင်အား ၄ သန်းခွဲ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းကို RFA အဖွဲ့သား ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (5)
Share

ကြံ့ဖွံ့ နိုင်နည်း

နေရပ်- နိသျည်း

၂၀၁၂ ကြားဖြတ်မှာလို မရှုံးရအောင်
(၁) ထောင်စည်း ကြိုတင်မဲတွေ “ကြို တင် ရိုက်နှိပ်”ထားပါ။
(၂) ဖယောင်းကို ပညာသားပါပါ သုတ်ထားပါ။
(၃) ကြံ့ဖွံ့ကို အမှန်ခြစ်တဲ့အခါ မဲပြားက အလိုလို ၂ချပ်ကွာ သွားအောင် လုပ်ထားပါ။
(၄) ကြံ့ဖွံ့ကို မဲပေးချင်အောင် “မက်မောလောက်အောင်” ဆွယ်ကြပါ။

Dec 31, 2014 11:36 AM

ဖွတ်

နေရပ်- ကြတ်ပြေး

ပြည်သူလူထု ရဲ့ ဘုံရန်သူ ဟာ ပြည်ပ မှာ မရှိ၊ အနောက်တံခါးမှာ မရှိ၊ အရှေ့အရပ်မှာလည်း မရှိ၊ ပြည်တွင်း တိုင်းပြည် အလယ်ကောင် ကြတ်ပြေး အရပ်မှာ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်မြဲရေး ဖော်ဆောင်နေတဲ့ စစ်တပိုင်း အစိုးရ၊ စစ်လွှတ်တော် နဲ့ စစ်ဖွဲ့စည်းပုံ သာ ဖြစ်ပါတယ်။ ဒီ (၃) ချက်ကို ဗမာပြည်မှာ အလုံးစုံ ဖုတ်ကြည်း သင်္ဂြိုဟ် မြေမြှုပ် နိုင်အောင် တိုက်ဖျက်ခြင်းဟာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ရှိကြောင်း အကောင်းဆုံး သက်သေပြမှုပါ။ ဒီ (၃) ချက်ကို ပြင်နိုင်ရင် ဗမာပြည် အပေါ် နိုင်ငံစုံ က အဖက်ဖက် အသာစီးရနေတာတွေလည်း လျော့သွား တိုင်းပြည် လည်း စစ်အင်အား အပါအဝင် ကဏ္ဍစုံမှာ လူစဉ်မီ၊ အရည်အချင်းပြည့် လာမှာသာ ဖြစ်ပါတယ်။ ဒါကို မျက်ကွယ်ပြုပြီး စစ်အုပ်စု နှပ်ကြောင်း ပေးသလို ကြိုးဆွဲရာ လိုက်က ချင်နေကြရင် ဗမာပြည် ဟာ စစ်ကျွန်

Dec 31, 2014 10:41 AM

Taing Chit

နေရပ်- Myanmar

စည်းရုံးမနေပါနဲ့ တော့ဗျာ ဒေါ်စုကို ၀င်မပြိုင်နိုင်အောင် အကွက်ချထားကြတာပဲဟာ။

Dec 30, 2014 07:38 PM

Myo Chit

နေရပ်- Myanmar

အကောင်းဆုံးကတော့ ကြံ့ဖွံ့  က ဘယ်လိုလူမျိုး ပဲဝင်အရွေးခံမါစေ ဆန့် ကျင်ဘက်ဒီမိုကရေစီ နိုင်ငံရေးသမားကိုမဲပေးမှ ဒီမိုကရေစီရမှာပါ။ xxx အာဏာရှင်တွေ ဦးဆောင်တဲ့ အာဏာရှင်ပါတီကို မဲပေးရင် အာဏာ၇ှင် အစိုးရ့ပဲ တက်လာလိမ့်မယ်။

Dec 30, 2014 12:06 PM

အမည်မဖော်လိုသူ

“၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက အောင်မြင်မှု မရရှိခဲ့တာတွေကို သင်ခန်းစာယူပြီး တစ်နိုင်ငံလုံးမှာ စည်းရုံးရေးတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။”
DASSK ၀င်အရွေးမခံရင် သိပ်စည်းရုံးစရာ မလိုပါဘူး။ “နိုင်”မှာပဲ ဟာ။

Dec 29, 2014 08:49 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့