သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယက တာဝန် လွှဲပြောင်းရယူ


2013.07.31
ushweman-305.jpeg ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က လွှတ်တော်တက်ရောက်လာစဉ်
photo: AFP

မြန်မာနိုင်ငံသမိုင်းမှာ ခေတ်အဆက်ဆက် အစိုးရတွေ ဟာ နိုင်ငံတော်တိုးတက်ရေးနဲ့ နိုင်ငံသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် ရည်မှန်းချက် အတိုင်းဖြစ်မလာပဲ နိမ့်ပါးနောက်ကျ ကျန်ရစ်ခဲ့ တာဖြစ်ကြောင်း ဒီနေ့စတင်ပြီး ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်တဲ့ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။

ဒါ့အပြင် ဒီကနေ့လွှတ်တော်ဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အမှန်တကယ်ဆောင်ရွက်ပေး ရမှာဖြစ်တယ်လို့လည်း အခုလို သူရဦးရွှေမန်း က ပြောပါတယ်။

"ကာလအတော်ကြာ ဒီမိုကရေစီကျင့်သုံးနိုင်မှု မပြုနိုင်ခြင်းမှာလည်း လွှတ်တော်များမရှိတာကြောင့်ဖြစ်ပါတယ်၊ လွှတ်တော်များရှိခဲ့သော ကာလတွင်လည်း လက်ညှိးထောင်ခေါင်းညိမ့် မည်ကာမျှဖြစ်ပြီး လွှတ်တော်များ သည် ပြည်သူများအား ကိုယ်စားမပြုနိုင်ခဲ့တာကို သတိပြုရမှာဖြစ်သလို၊ ကနေ့လွှတ်တော်များသည် ပြည်သူ များကို ကိုယ်စားပြုသလို ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထား၊ ပြည်သူများ၏ လိုအပ်ချက်များ ကို သိရှိခံစားပြီး ပြည်သူများအတွက် အမှန်တကယ် ဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်"

ဒီကနေ့ကျင်းပတဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း တက်ရောက်ခဲ့ပါတယ်။

သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော်ဥက္ကဌနေရာ လွှဲပြောင်းရယူလိုက်တဲ့အပေါ် RFA သတင်းထောက် မဇင်မာင်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥက္ကဌသစ် သူရဦးရွှေမန်းလက်ထက်မှာ ဘာတွေဆောင်ရွက်ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိရဲ့ တင်ပြချက်ကို နားဆင်နိုင်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။