USDP ဥက္ကဌ ပါတီဝင် အမျိုးသမီးတွေနဲ့ တွေ့ဆုံ

2018-01-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး မန္တလေးတိုင်း ပါတီဝင် အမျိုးသမီးတွေနဲ့ ၂၁၀၈ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ဆုံစဉ်
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး မန္တလေးတိုင်း ပါတီဝင် အမျိုးသမီးတွေနဲ့ ၂၁၀၈ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ဆုံစဉ်
Photo: Khaymani Win/ RFA

တစ်နှစ်ကျော်အတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ထူထူထောင်ထောင်ဖြစ်လာအောင် ကိုင်တွယ်နိုင်ခဲ့တယ်လို့ ပါတီ ဥက္ကဌ ဦးသန်းဌေး က ဒီနေ့ ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးသန်းဌေးဟာ မန္တလေးတိုင်း ပါတီဝင် အမျိုးသမီးတွေနဲ့ ဒီနေ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ အမျိုးသမီးတွေကို ဗဟိုအလုပ်မှုဆောင်အဖြစ် အဆင့်တိုးမြင့်ပေးဖို့လည်း စီစဉ်ထားတာကြောင့် ပါတီဌာနချုပ်မှာ တာဝန်ထမ်းဆောင်နိုင်မယ်ဆိုရင် တာဝန်ပေးအပ်သွား ဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ပါတီဝင် အမျိုးသမီးတွေအနေနဲ့  မြန်မာအမျိုးသမီးတွေရဲ့ ဂုဏ်ကိုထိန်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

လက်ရှိမှာ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီမှာ ပါတီဝင်အင်အား ငါးသန်းကျော်ရှိပြီး တစ်နှစ်ကျော်ကလအတွင်းမှာ ပါတီဝင် တစ်သောင်းကျော် တိုးလာခဲ့တယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့