နိုင်ငံရေးဆွေးနွေးပွဲကြီး ပြုလုပ် သွားမယ်လို့ သမ္မတ ဦးသိန်းစိန် ပြောကြား

2014-03-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အဦမှာ မတ်လ ၂၉ ရက်နေ့က နိုင်ငံတော်သမ္မတနဲ့ နိုင်ငံရေးပါတီတွေ တွေ့ ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးတို့ကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အဦမှာ မတ်လ ၂၉ ရက်နေ့က နိုင်ငံတော်သမ္မတနဲ့ နိုင်ငံရေးပါတီတွေ တွေ့ ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်နဲ့ NLD ခေါင်းဆောင်တစ်ဦးဖြစ်သူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးတို့ကို တွေ့ရစဉ်
photo: Kyaw Zaw Win/RFA

ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တစ်ခု ပေါ်ပေါက်လာရေးကို ဦးတည်ပြီး နိုင် ငံရေးဆွေးနွေးပွဲကြီးတစ်ခု ပြုလုပ်သွားမယ် လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဆောက်အဦမှာ နိုင်ငံတော်သမ္မတ နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲအခမ်းအနား အဖွင့်မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က အခုလို ပြောကြားခဲ့တာပါ။

"အမျိုးသားပြန်လည် ရင်ကြားစေ့ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အခြေခံကျတဲ့ နိုင်ငံရေးပြဿနာတွေ ကို ဖြေရှင်းရမယ်ဆိုတာကို အားလုံး သဘောပေါက်ကြပြီး ဖြစ်ပါတယ်၊ ဒါကြောင့် တိုင်းရင်းသာတွေရဲ့ တန်းတူရေးဆိုတဲ့ သဘောတရားအပေါ်မှာ အခြေခံ တဲ့ ပြည်ထောင်စုဖွား လူမျိုးစုအားလုံး အပြန်အလှန်အသိအမှတ်ပြုတဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတစ်ခု ပေါ်ပေါက်လာရေးကို ဦးတည်ပြီး နိုင်ငံရေးဆွေးနွေးပွဲကြီးကို ပြုလုပ်သွားဖို့အတွက် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်"

ဒါ့အပြင် နိုင်ငံရေးပါတီတွေ လိုလားချက်တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို လည်း ဆွေးနွေးနိုင်ဖို့ အဖွဲ့အစည်းအားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးမှာ လမ်းဖွင့်ထားမှာဖြစ်ကြောင်း လည်း ပြောပါတယ်။ အဲဒီလို နိုင်ငံရေးဆွေးနွေးပွဲကြီးဟာ အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စနဲ့ ပြည်ထောင်စုက ခွဲထွက်မယ့်ကိစ္စတွေကလွဲရင် ကိစ္စအားလုံးကို ဆွေးနွေးနိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာမယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောခဲ့ပါတယ်။

ဒီနေ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲကို နိုင်ငံရေးပါတီ ၆၅ ပါတီရှိတဲ့အနက် ၆၃ ပါတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ နိုင်ငံရေးပါတီ ၆၀ ကျော်က ခေါင်းဆောင်တွေ တွေ့ဆုံပွဲကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၆၀ ကျော်က ခေါင်းဆောင်တွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (7)
Share

အမည်မဖော်လိုသူ

ပြုပြင်ရေးသမားကြီး လို့ ဆိုတဲ့ သူ က စတယ်။ စစ်ဖွဲ့စည်းပုံကို လွန်ခဲ့တဲ့ (၃) နှစ်က လက်မခံခဲ့တဲ့သူတွေ အခု ဆိုရင် လက်ခံသလောက် ဖြစ်လာပြီ၊ ငြိမ်းချမ်းရေးကို ရှမ်ပိန်တိုက်ရင်း တည်ဆောင်နေတာ တော်တော် အောင်မြင်နေပြီ၊ ကျည်ဆံတွေ အစား ကား အသစ်တွေပဲ အော်ဒါမှာ ပေးနေပြီ၊ ဒါပေမယ့် တိုင်းပြည်ရဲ့ နိုင်ငံရေး ပြဿနာတွေကို စစ်တပ်နည်းနဲ့ ဆက်ဖြေရှင်းဖို့ လိုသေးတယ်၊ ဒို့တပ်မတော်ကြီး အင်အား ရှိမှ ဖြစ်မယ်။

Mar 30, 2014 11:00 AM

Richard

နေရပ်- US

This puppet of the previous regime, not capable and able to manage effectively. he might have good will to do good things for Myanmar, he might have less corruption compared with other notorious Generals, but he has no capacity to be a good leader for Myanmar , this is also because the previous regime plotted and set up the current administrative body in favor of welfare of their own group. Politics is complicated and subtle, and the president needs more clever tactics, strategies, and effective managerial skill, especially mentally courageous power and strong ethical characteristics when to make a critical decision like the role of Military in building Democracy. He seems lacking this mental power and courage. It is better to hand over to a person who is more capable to handle political, economic, just, and administrative issues.

Mar 30, 2014 06:09 AM

(

Anyway,Should be welcomed with Great Caution. But events in the past have well-witnessed that they are "NOT TRUSTWORTHY"



Mar 30, 2014 04:32 AM

အမည်မဖော်လိုသူ

ဒေါ်လာငွေ ၃ဝဝ လက်ဆောင်ပစ္စည်းတွေ ယူရေး

နယ်လှည့် ပါးရိုက် မည့် ဦးသိန်းစိန် အစိုးရ ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ

Mar 30, 2014 02:43 AM

အမည်မဖော်လိုသူ

ဘာတေးလ် လစ်တနာ ပြောခဲ့သလို အမျိုးသားပြန်လည် ရင်ကြားစေ့ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေး
ါကလဲ စီးပွားရေးလုပ်ငန်း (Peace Industry) ဖြစ်နေတာကို တွေ့ရပါတယ်။
အဲဒီသူတွေ တယောက်ချင်းစီရတဲ့ လစာကိုသိရင် ခင်ဗျားအရမ်း စိတ်ဓာတ်ကျသွားမယ် မသိချင်ပါနဲ့လို့ အတွင်းသိ မိတ်ဆွေတဦးက ပြောဘူးပါတယ်။
သူတို့ရတဲ့ အကျိုးအမြတ်ဟာ ဒေါ်လာသောင်း ဂဏာန်းဝန်းကျင် ရှိပါတယ်၊ ဒီအထဲမှာ နေစရိတ်၊ စားစရိတ်၊ ခရီးစရိတ်တွေ မပါသေးပါဘူး။
ငြိမ်းချမ်းရေးကတော့ ဘယ်ဆီနေတယ် မသိသေးပါ၊ လင်းတကြီးတွေကတော့ ဝဲနေကြပါပြီ၊
http://burma.irrawaddy.org/opinion/viewpoint/2014/03/26/56746.html

Mar 29, 2014 11:48 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့