သမ္မတ ဦးသိန်းစိန် ဗြိတိန်နဲ့ ပြင်သစ်ကို သွားရောက်မည်

2013-06-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ လာမယ့်လအတွင်း ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်မယ်လို့ အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဒုတိယအကြိမ်မြောက် ဥရောပခရီးစဉ်ကို ဇူလိုင်လလယ်လောက်မှာ စတင်မှာဖြစ်ပြီး ခရီးစဉ်အတွင်း ၄ နိုင်ငံလောက်အထိ သွားရောက်လည်ပတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ မတ်လက ဥရောပနိုင်ငံတွေကို ခရီးထွက်ခဲ့ပေမဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကိုတော့ မရောက်ရှိခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ် အစိုးရသစ် တက်လာချိန်ကစလို့  သမ္မတ ဦးသိန်းစိန်ရဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို အားပေးထောက်ခံတဲ့အနေနဲ့  နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျော့ချပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ကဆိုရင် EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ကုန်သွယ်ရေး အထူးအခွင့်အရေး GSP ပြန်လည်ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

How come some of the comments are so useless.

Jun 16, 2013 12:56 AM

လောက်လေးခွ

သမ္မတ ရာထူးရှိတုန်း နိုင်ငံပေါင်းစုံရောက်အောင် သွားပါ။ သမ္မတ ရာထူးပြီးသွားရင် ကိုယ့်လေယာဉ်ခ ကို ကိုယ်ဘာသာပေးရပါလိမ့်မယ်။

Jun 14, 2013 06:39 PM

ဆိုက်တခုလုံးသို့