ဟံသာဝတီ ဦးဝင်းတင် ကျန်းမာရေးအခြေအနေ ဆိုးရွား

2014-03-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို တွေ့ရစဉ်
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို တွေ့ရစဉ်
AFP

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် ဝိတိုရိယဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ပြောင်းရွှေ့ကုသမှု ခံနေရပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ လက်ရှိဆေးကုနေတဲ့ အခြေအနေကို မိသားစုဝင်တစ်ဦးဖြစ်သူ မယဉ်ယဉ်ထွန်းက ပြောပါတယ်။

"မနေ့က အဆုတ်က attack ရတဲ့သဘောပေါ့၊ အခုကတော့ မေ့ဆေးတွေဘာတွေ ပေးထား ပြီးတော့ အသက်ရှုတဲ့ပိုက်တွေထည့်ပြီး ဘဘသက်သာအောင် လုပ်ပေးထားတာပေါ့"

ဦးဝင်းတင်ဟာ မတ်လ ၁၂ ရက်နေ့က လမ်းမတော်မြို့နယ်မှာရှိတဲ့ Green Cross ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာဖြစ်ပြီး ၂၇ ရက်နေ့က ဝိတိုရိယဆေးရုံကို ပြောင်းရွှေ့တင်လိုက် တာဖြစ်ပါတယ်။

ဆရာဦးဝင်းတင်ဟာ အသက် ၈၅ နှစ် ရှိပြီဖြစ်ပြီး ထောင်တွင်းမှာရရှိခဲ့တဲ့ ရောဂါဝေဒနာတွေကြောင့် ထောင်က ထွက်လာပြီးတဲ့ နောက်ပိုင်းမှာ မကြာခဏ ဆေးကုသမှုခံယူခဲ့ရပါတယ်။

ကွန်မင့်များ (5)
Share

(

စစ်အာဏာရှင်တွေရဲ့ သက်တမ်းတလျှောက်မှာ အလွန်ဆိုးဝါး ကြီးလေးတဲ့ ငွေကြေးခ၀ါချမှု ရာဇဝတ်မှုကြီးတွေ ကျူးလွန်ခဲ့တာကို အားလုံးအသိပဲ။
စစ်ကြောရေးမှာ အသက်သေတဲ့ အထိ ညှင်းပန်းနှိပ်စက်တာတွေဟာ အလွန်ဆိုးဝါး ကြီးလေးတဲ့ ရာဇဝတ်ပြစ်မှုကြီးတွေပဲ။
စစ်ကြောရေးမှာ ဦးဝင်းတင် ကို ညှင်းပန်းနှိပ်စက်တာတွေဟာ ရာဇဝတ်ပြစ်မှုကြီးတွေပဲ။

Mar 31, 2014 04:18 AM

Kyaw zay ya

နေရပ်- Singapore

Ba Ba U Win Tin , We all are with you. Wishing for speedy recovery.

Mar 30, 2014 10:57 AM

အမည်မဖော်လိုသူ

နိုင်ငံတော်အတွက် စိတ်ရင်းနဲ့နှလုံးသား ဖြူစင် လူ
ဘယ်လောက် အနစ်နာခံ အလုပ်တွေ လုပ်ပေးခဲ့တယ်ဆိုတာ့  ပြည်သူတွေကတော့ အားလုံး ဘဲ အသိအမှတ်ပြုကြမှာပါ။

Mar 30, 2014 10:55 AM

အမည်မဖော်လိုသူ

“ ဒီအတိုင်းသာ မိုးကြီးချုပ်သွားရင် .. “
“နိုင်ကျဉ်း”တွေ ထိချက်နာလှသဗျာ လို့ ထင်ကြမှာပဲ .... ဒါပေမယ့် အဘ ဦးဝင်းတင် ပြောလိမ့်မယ် ...... ..

Mar 30, 2014 02:43 AM

အမည်မဖော်လိုသူ

MAY GOD BLESS HIM WITH QUICK RECOVERY AND BE ABLE TO CONTINUE FREE & FAIR NATION BUILDING TASKS.

Mar 29, 2014 09:47 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့