ဝါရင့်နိုင်ငံရေးသမားကြီးများ လွတ်လပ်ရေးနေ့ကျင်းပ

ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့ကလည်း ရန်ကုန်မြို့ ချော်တွင်းကုန်း ပါရမီလမ်းက၊ အဖွဲ့ရဲ့ ခေါင်းဆောင် သခင်သိန်းဖေရဲ့ နေအိမ်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

2011.01.04
independence_day_three_colors_flag_305z.png ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့၏ ခေါင်းဆောင် သခင်သိန်းဖေ၏ နေအိမ်တွင် ဇန်နဝါရီ ၄ ရက်နေ့က ကျင်းပသော လွတ်လပ်ရေးနေ့ အခမ်းအနား ပြင်ဆင်ထားပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)
အဲဒီအခမ်းအနားမှာ သဘာပတိအဖြစ် အသက် ၉၅ နှစ်အရွယ် သခင်သိန်းဖေနဲ့ အခမ်းအနားမှူးအဖြစ် ဦးထွေးမြင့်တို့က ဆောင်ရွက်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တုန်းက အလံတင် အခမ်းအနားမှာ ရွတ်ဆိုခဲ့ကြတဲ့ သစ္စာဓိဌာန် ၉ ချက်ကို ပြန်လည် ဖတ်ကြားခဲ့တယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့ရဲ့ ရုံးအဖွဲ့မှူး ဦးခင်မောင်ကြည်က RFA ကို ပြောပြပါတယ်။

သခင်သိန်းဖေရဲ့ နေအိမ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေ ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေလည်း တက်ရောက်ကြပြီး စုစုပေါင်း လူ ၂၅၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

လွတ်လပ်ရေးရခဲ့တာ ၆၃ နှစ် ရှိသွားပြီဆိုပေမဲ့ မြန်မာပြည်သူတွေကတော့ လွတ်လပ်ရေးကို မခံစားရသေးပဲ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေဟာ ခေတ်အဆက်ဆက်မှာ အဆိုးဆုံးပါပဲလို့ ဗြိတိသျှ ကိုလိုနီခေတ်ကနေ စစ်အစိုးရ အုပ်ချုပ်တဲ့ ဒီကနေ့ကာလအထိ ခေတ်မျိုးစုံကိုဖြတ်သန်းခဲ့သူ ဝါရင့်နိုင်ငံရေးသမားကြီး ရွှေတောင် ဦးအုန်းမောင်က ဆိုပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ရွှေတောင် ဦးအုန်းမောင်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။