ယာယီ လက်မှတ်ရှိသူ မဲပေး ခွင့်ရသင့်ကြောင်း သမ္မတ သ၀ဏ်လွှာပို့

2014-12-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ် မည့် ရွေးကောက်ပွဲ အတွက် ရန်ကုန်မြို့ရှိ မဲရုံတစ်ခုတွင် နိုဝင်ဘာ ၅ ရက်နေ့က မဲပုံးများ ပြင်ဆင်နေပုံ ဖြစ်ပါသည်။
အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ် မည့် ရွေးကောက်ပွဲ အတွက် ရန်ကုန်မြို့ရှိ မဲရုံတစ်ခုတွင် နိုဝင်ဘာ ၅ ရက်နေ့က မဲပုံးများ ပြင်ဆင်နေပုံ ဖြစ်ပါသည်။
(Photo: AFP)

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းမှာ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထား သူတွေကိုပါ ဆန္ဒမဲပေး ခွင့်ပြုသင့်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူရဲ့သဘောထားကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ သ၀ဏ်လွှာပေးပို့ထားပါတယ်။

သမ္မတရဲ့ သဘောထားနဲ့ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်တွေက လာမယ့် လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံစာပြန်တင်နိုင်ဖို့ ဆွေးနွေးနေ တယ်လို့ ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။

"ပြည်ထောင်စုလွှတ်တော်က ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့ ဥပဒေပြင်ဆင် ဖို့အတွက် ဆန္ဒခံယူပွဲကြီးလုပ်တဲ့အခါ အဆင့် သင့်ဖြစ်အောင်ဆိုပြီးတော့ ဥပဒေကြမ်းတစ်ခုခု ဆွဲပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပြီ၊ အတည်ပြုတဲ့အခါ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ သူတွေက နိုင်ငံသားပါတယ်၊ ဧည့်နိုင်ငံသားပါတယ်၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေ က နိုင်ငံသားဟုတ်တယ်၊ မဟုတ်တယ်လို့ မသိတဲ့သူတွေမပါဘူး၊ အဲ့ဒါပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာ၊ နိုင်ငံတော်သမ္မတက ပြန်ပို့တဲ့အခါ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူတွေ ထည့်သွင်းစဉ်းစားဖို့ဆိုပြီးတော့ မှတ်ချက်ပေးတာ၊ ဒီကိစ္စလဲ အန်ကယ်တို့ဆွေးနွေးပြီးပါပြီ၊ အဲ့ဒါတောင်မှ လွှတ်တော်တွင်းအဆင့်သင့်ဖြစ်ဖို့ အန်ကယ်တို့ပြင်ဆင်နေပါပြီ  "

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်လုံးကျွတ်ဆန္ဒခံယူပြီး အတည်ပြုနိုင်ဖို့ အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းကို ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်း အဝေးတွေမှာ ဆွေးနွေးပြီးအတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စား လှယ် ဒေါ်ခင်စန်းလှိုင်က နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူတွေကိုသာ ဆန္ဒမဲပေးခွင့်ပြုဖို့နဲ့ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ဆန္ဒမဲပေးခွင့်မပြုသင့်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးချက်ကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်ကလည်း သဘောတူခဲ့တဲ့ အတွက် ဥပဒေကြမ်းကို လက်မှတ်ရေးထိုးထုတ်ပြန်နိုင်ဖို့ နိုင်ငံတော်သမ္မတထံ ပေးပို့ထားတာဖြစ်ပါတယ်။

ကွန်မင့်များ (2)
Share

Aung Thwe

နေရပ်- KL

You Yakhine has no right to say that Rohingya are Bangali and not Myanmar citizen. The world know that they are Myanmar citizen as well as entitle for vote.

Jan 09, 2015 01:40 PM

Kyaw

နေရပ်- USA

President U Thein Sein's proposal is totally dishonest. I strongly disagree that he, his government, his party has created the huge problem between the native people of Arakan and illegal Bengali Muslims. For the purpose of vote and political intention, so.called Union Solidarity and Development Party Burmese Military Gov. has allowed and issued the "White Card" for illegal Bengali Muslims. Without citizens, his defato government allowed to vote them ( white card holders illegal Bengali Muslims) in 2010 Burma election. And they have created the degenous conflict between the indigenous people of Arakan and Bengali Muslims when the Arakanese people demonstrated the share of the gas selling profit to benefit of local people in 2012.

Dec 22, 2014 09:00 AM

ဆိုက်တခုလုံးသို့