လက်ပံတောင်း ဒေသခံတွေ လမ်းလျှောက်ဆန္ဒပြ


2013.08.27

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းဖော်ဆောင်ရေးကော်မတီက မြေယာလျော်ကြေးယူဖို့ လှုံ့ဆော်နေတာတွေ ရပ်တန့်ပေးရေးအပါအဝင် တောင်းဆိုချက် ၈ချက်နဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် တုံရွာမှာ ဒေသခံတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ တရားဝင်ခွင့်ပြုချက်နဲ့ တုံရွာထိပ်ကနေ ထန်းတောဇက်ဆိပ်အထိ လမ်းလျှောက်ပြီး တောင်းဆိုချက် ၈ချက်ကို ကြွေးကြော်တောင်းဆိုခဲ့တယ်လို့ အလယ်တောရွာ ဒေသခံ မစန္ဒာက RFA ကို ပြောပါတယ်။

"လက်ပန်းတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး၊ဇီးတောကျေးရွာအကြမ်းဖက်မူတရားခံများဖော်ထုတ် အရေးယူပေးရေး၊စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါ အချက်များကို ကျော်လွန်လုပ်ဆောင်နေမူများကို ချက်ချင်းရပ်တန့်ပေးရေး၊တိုင်းပြည်နဲ့ပြည်သူ့မျက်နှာ မကြည့်သော လုပ်ငန်းဖော်ဆောင်ရေးကော်မတီအလိုမရှိစတဲ့ တောင်းဆိုချက် ရှစ်ချက်ပါပါတယ်။"

လာမယ့်သြဂုတ်လ ၂၉ရက်နေ့မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုံး၀ ဖျက်သိမ်းပေးရေး ဆန္ဒထုတ်ဖော်နေသူတွေကို အစိုးရဘက်က အင်အားသုံးဖြိုခွဲခဲ့တဲ့ ၈ လပြည့်အဖြစ် ထပ်မံဆန္ဒပြဖို့လည်း ခွင့်ပြုချက်ရပြီးဖြစ်တယ်လို့ သိရပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။