ဒေါ်အောင်ဆန်းစုကြည် ပုံတူဖယောင်းရုပ်တု ထိုင်းပြတိုက်မှာ ပြသ
2010.12.08
ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၄ ရက်မှ စတင်ဖွင့်လှစ်သော မဒမ် တူးဆိုး ဗန်ကောက်ပြတိုက်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူ ဖယောင်းရုပ်တုကို ပြသထားပါသည်။ (screenshot from Madame Tussauds Bangkok Museum website)
(screenshot from Madame Tussauds Bangkok Museum website)
ဒီပြတိုက်ဟာ နိုင်ငံတကာက ကဏ္ဍပေါင်းစုံမှာ ထူးချွန် ထင်ပေါ်ကျော်စောတဲ့ ပုဂ္ဂိုလ်တွေကို ဖယောင်းရုပ်တုတွေ ထုလုပ်ပြီး ပြသထားတာ ဖြစ်ပါတယ်။
ဒီပြခန်းကို ဒီဇင်ဘာ ၄ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီးတော့ အာရှတိုက်မှာ ဟောင်ကောင်နဲ့ ရှန်ဟိုင်းပြီးရင် တတိယမြောက် ပြတိုက်လို့ သိရပါတယ်။
ကမ္ဘာပေါ်မှာ ဒီလိုပြတိုက်ပေါင်း ၁၂ ခု ရှိပြီး ဖယောင်းရုပ်ထု တခုအတွက် ဘတ် ၁ သန်းခန့် ကုန်ကျတယ်လို့ သိရပါတယ်။
ဒီပြခန်းမှာ အင်္ဂလန်ဘုရင်မကြီး၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ဘေးချင်းယှဉ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တုကို ပြသထားပါတယ် ။ ပြီးတော့ အမေရိကန်သမတ အိုဘားမားတို့ ဇနီးမောင်နှံ ပုံတူတို့နဲ့ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးဖခင် မဟတ္တမဂန္ဒီ ပုံတူကိုလည်း ပြသထားပါတယ်။









