RSF ၂၀၁၁ အကောင်းဆုံး သတင်းမီဒီယာဆု Weekly Eleven ရရှိ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က ၂၀၁၁ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး သတင်း မီဒီယာဆုကို ရန်ကုန် အခြေစိုက် Weekly Eleven သတင်းဂျာနယ် ထုတ်ဝေတဲ့ Eleven Media Group ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
2011-12-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
Eleven Media Group မှ ထုတ်ဝေသည့် Eleven News အွန်လိုင်းမီဒီယာ။
Eleven Media Group မှ ထုတ်ဝေသည့် Eleven News အွန်လိုင်းမီဒီယာ။
snapshot/eversion.news-eleven.com

မနေ့က ပဲရစ်မြို့မှာ ကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားမှာ ကမ္ဘာကျော် Le Monde ပြင်သစ် သတင်းစာကြီးရဲ့ ညွန်ကြားရေးမှူးက ဒီဆုကို တက်ရောက် ချီးမြှင့်ခဲ့ပြီး Weekly Eleven News ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးနဲ့ Premier Eleven Sports ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်း တို့က ဆုတက်ရောက်ယူခဲ့တယ်လို့ Weekly Eleven သတင်းဂျာနယ် အင်တာနက် စာမျက်နှာမှာ ဒီကနေ့ နေ့စွဲနဲ့ ရေးသားဖော်ပြထားပါတယ်။

အခုနှစ် RSF အဖွဲ့ရဲ့ ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး သတင်းမီဒီယာဆုနဲ့ တစ်နှစ်တာ အကောင်းဆုံး သတင်းစာသမား ဆုနှစ်ဆုကို ပေးအပ်ခဲ့ပြီး သတင်းစာသမားဆု Journalist of the Year ကို ဆီးရီးယားနိုင်ငံက ကာတွန်းဆရာ Ali Fersat က ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ် အခြေစိုက် RSF အဖွဲ့ဟာ သတင်းစာ လွတ်လပ်ခွင့် မရှိတဲ့ နိုင်ငံတွေမှာ သတင်းစာ လွတ်လပ်ခွင့် ရရှိရေး စောင့်ကြည့် ထောက်ပြနေတဲ့ လူ့အခွင့်အရေး အဖွဲ့ကြီး တစ်ခုဖြစ်ပြီး ဒီအဖွဲ့က ချီးမြှင့်တဲ့ သတင်းစာ လွတ်လပ်ခွင့် ဆိုင်ရာ ဆုတွေကို မြန်မာနိုင်ငံက ဆရာကြီး ဦးဝင်းတင်၊ ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ အရင်က ရရှိဖူးပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့