မြန်မာ့ဒီမိုကရေစီ အစသာရှိသေး


2017.05.18
winmyint-620.JPG ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို မေလ ၁၈ ရက်နေ့က တွေ့ရစဉ်
.

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဟာ စတင်ဆဲကာလဖြစ်တာကြောင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အခက်အခဲအကျပ်အတည်းကို ကျော်လွှားရဦးမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေအကြား ဒီမိုကရေစီအလေ့အကျင့်တွေ အားကောင်းစေဖို့ ပူးပေါင်းကူညီဆောင်ရွက်ကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က တိုက်တွန်း ပြောလိုက်ပါတယ်။

ဒီကနေ့ ပြန်လည်စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က အခုလိုပြောလိုက်တာပါ။

"ဒီမိုကရေစီအလေ့အကျင့်တွေ ခိုင်မာအားကောင်းစေဖို့ လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကူ ညီ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်၊ ဒီမိုကရေစီအခွင့်အရေးရှိရင် တာဝန်နဲ့ဝတ္တရား ရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်များက စံနမူနာပြ ကျင့်ကြံဆောင်ရွက်ကြရမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံအအနေနဲ့လည်း ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲမှာ လိုက်ပါ ပြောင်းလဲတိုးတက်နိုင်တဲ့ နိုင်ငံအဖြစ် ဖန်တီးပုံဖော် ဆောင်ရွက်သွားဖို့လိုအပ်ကြောင်းနဲ့ နိုင်ငံရေးမဝါဒ စီးပွားရေးစနစ် လူမှုရေးဘဝတွေ ပြောင်းလဲ တဲ့အခါမှာလည်း ဥပဒေတွေကိုလည်း ခေတ်စနစ်နဲ့အညီဖြစ်အောင် ပြောင်းလဲပေးရမှာပါဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားပါတယ်။

ဒီမိုကရေစီယဉ်ကျေးမှု ခိုင်မာဖို့အတွက် အပြောင်းအလဲဟာ ဆက်လက်ဆောင်ရွက်ကြရမယ့် လုပ်ငန်းစဉ်အဖြစ် ခံယူထားကြရမှာဖြစ်ကြောင်း၊ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ ဒီမိုကရေစီအခွင့်အရေးတွေရရှိဖို့နဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေးကို ဆက်လက်လုပ်ဆောင် ပေးကြဖို့ကို လည်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က တိုက်တွန်းပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။