အမျိုးသမီးလှုပ်ရှားသူများ ပြန်လွှတ် ဖို့ အမျိုးသမီးအဖွဲ့များ တိုက်တွန်း


2013-09-22
Share

အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ လူ့အခွင့်အရေး တက်ကြွစွာဆောင်ရွက်သူ အမျိုးသမီးခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ ပြည်တွင်းပြည်ပနဲ့ နယ်စပ်အခြေစိုက် အမျိုးသမီးအဖွဲ့တွေက လက်မှတ်တွေစုဆောင်းပြီး အစိုးရကို တင်ပြသွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ Excel Tower မှာ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ မြန်မာနိုင်ငံအမျိုးသမီးများဖိုရမ် နောက်ဆုံးနေ့မှာ လက်ပံတောင်းအရေးကိစ္စနဲ့ပတ်သက်ပြီး အဖမ်းခံထားရတဲ့ ဒေါ်နော်အုံးလှ၊ နတ်တလင်းလယ်သမားအရေးကိစ္စနဲ့ ပတ်သက်ပြီး ကူညီပေးလို့ အဖမ်းခံခဲ့တဲ့ ဒေါ်ခင်မိမိခိုင်နဲ့ ဒေါ်မြင့်မြင့်အေးတို့ နဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့များကွန်ရက် မြန်မာ (WON) အဖွဲ့ဝင် နော်စူစန်နာလှလှစိုးက အခုလို ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိကမ် အမျိုးသမီးများဖိုရမ် ဆွေးနွေးပွဲ ကို အမျိုးသမီးအဖွဲ့များကွန်ရက်(WON)နဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB တို့ ပူးပေါင်းပြီး အခုလ ၂၀ရက်နေ့ကနေ ဒီကနေ့အထိ ပြုလုပ်ကျင်းပခဲ့တာပါ။

ဆွေးနွေးပွဲမှာ အမျိုးသမီးတွေကို တရားဥပဒေအရ ကာကွယ်ပေးဖို့၊ အရေးကြီးကိစ္စတွေမှာ အမျိုးသမီးတွေနဲ့ ဆုံးဖြတ်ချက်ချဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသမီးပါဝင်မှု ထည့်သွင်းရေးဆွဲဖို့၊ ဖက်ဒရယ် အရေးနဲ့အမျိုးသမီးတွေ ကျား/မ တန်းတူရေးစတဲ့ ခေါင်းစဉ်တွေကိုပါ ထည့်သွင်းဆွေးနွေးကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့