လှိုင်သာယာမှာ အလုပ်သမား သမဂ္ဂတွေ စုပေါင်း ဆန္ဒပြ


2013.06.09
hlaingtharwar-workers-protest-305.JPG ရန်ကုန်တိုင်း၊ စက်မှုဇုန်တွေက အလုပ်သမားသမဂ္ဂများစုပေါင်း ပြီး ဇွန်လ ၉ ရက်နေ့က အခြေခံလစာတိုးမြှင့်ပေးရေး ချီတက် ဆန္ဒပြနေကြစဉ်
photo: RFA/ Tun Myint

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်၊ မင်္ဂလာဒုံစက်မှုဇုန်နဲ့ ကမာရွတ်စက်ရုံ တွေက အလုပ်သမား တစ်ထောင်ကျော်လောက်ဟာ တစ်ရက်ကို အခြေခံလုပ်ခလစာ ကျပ် ၃ဝဝဝ (သုံးထောင်) အထိ တိုးမြှင့်ပေးဖို့ ဒီကနေ့ မနက်ပိုင်းက ချီတက် ဆန္ဒပြကြ ပါတယ်။

အလုပ်သမားတွေဟာ ရန်ကုန်-ပုသိမ် အဝေးပြေး လမ်းမဘေးမှာရှိတဲ့ Good Morning စက်ရုံရှေ့ကနေ လှိုင်သာယာမြို့နယ် အားကစားကွင်းအထိ ချီတက် လမ်းလျှောက်ခဲ့ကြပြီး လုပ်ခလစာ တိုးမြှင့်ရရှိရေး အတွက် ကြွေးကြော်သံတွေ အော်ဟစ်တောင်းဆို ခဲ့ကြပါတယ်။

စက်ရုံအတော်များများက အလုပ်သမားတွေဟာ အခြေခံလစာတစ်လကို အနည်းဆုံး ကျပ် ၂ သောင်းကနေ အများဆုံး ကျပ် ၅ သောင်းဝန်းကျင်အထိ ရရှိကြပါတယ်။

အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ လူမှုဖူလုံရေကြေးတွေပေါင်းမှ အမြင့်ဆုံးတစ်လကို ကျပ် ၈ သောင်းဝန်းကျင်သာ ရရှိကြတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အခြေခံလစာကို အဓိကထားတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။