အလုပ်သမားသမဂ္ဂများ ဖွဲ့စည်း

ရွှေပြည်သာမြို့နယ်ရှိ ပေါ်ပြူလာ၊ Ever First ၊ အိပ်ဇဲလ် စတဲ့ ချည်မျှင်နဲ့ အထည်ချုပ်လုပ်ငန်းတွေက အလုပ်သမားတွေ စုပေါင်းပြီး မနေ့က သမဂ္ဂဖွဲ့စည်းခဲ့ကြကြောင်း သတင်းရရှိပါတယ်။

2012.03.26
child_labor_305_z မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အရွယ်နှင့်မမျှ ဤကဲ့သို့ အလုပ်လုပ်နေကြရသည်မှာ အလုပ်သမား ပြဿနာကြီးတခု ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အလားတူ ဒဂုံမြို့နယ်အတွင်းက ဆောက်လုပ်ရေး အလုပ်သမားတွေကလည်း မနေ့ကပဲ သမဂ္ဂဖွဲ့စည်းခဲ့ကြပါတယ်။

အခုလို သမဂ္ဂတွေ ဖွဲ့စည်းနိုင်ဖို့ လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ပေါ်ထွန်းရေး ကော်မတီက ကူညီဆောင်ရွက်ပေးနေကြောင်း ဒေါ်အိရွှေစင်က ပြောပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံက တည်ဆဲ ဥပဒေတွေအရဖြစ်စေ၊ နိုင်ငံတကာ အလုပ်သမား အခွင့်ရေးတွေအရဖြစ်စေ အလုပ်သမားတွေ ရရှိခံစားနိုင်တဲ့ အခွင့်အရေးတွေအတွက် ကာကွယ်ဆောင်ရွက်သွားဖို့ သမဂ္ဂတွေ ဖွဲ့စည်းရတာ ဖြစ်ကြောင်း သိရပါတယ်။

ဒီသမဂ္ဂတွေကို တရားဝင် မှတ်ပုံတင်သွားမှာ ဖြစ်ကြောင်းကိုလည်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ မနက်ဖြန် မနက်ပိုင်း ရွှေပြည်သာ ၉ ရပ်ကွက်မှာ ဒီအလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းပြီးကြောင်းကို တရားဝင် ရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်တဲ့အတွက် တက်ရောက်လိုတဲ့ အလုပ်သမားအားလုံးကို ဖိတ်ကြားထားကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။