အလုပ်သမားတွေ ဆန္ဒပြမှု ဆက်ဖြစ်နေ

ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှုဇုန်၊ လှိုင်သာယာစက်မှုဇုန်တွေမှာရှိတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေက အလုပ်သမား(၃၀၀) နီးပါးဟာ ရွှေပြည်သာစက်မှုဇုန်၊ အောင် ကြွေပြား စက်ရုံရှေ့ကနေ ရွှေပြည်သာ ကုန်းထိပ်အထိ အောက်တိုဘာလ ၂၃ ရက်နေ့ ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။

2012.10.23
workers-strike-b305 ဒဂုံဆိပ်ကမ်းမြို့နယ်က အလုပ်သမားအစည်းအရုံး အဖွဲ့ဝင် အလုပ်သမား ၂၀၀ ကျော်လောက် အောက်တိုဘာလ ၂၁ ရက်နေ့မနက်က ဆန္ဒပြနေကြစဉ်
Photo: RFA

အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိဖို့၊ အာစီယံ (ASEAN) စံနှုန်းအတိုင်း လုပ်ခလစာတိုးမြှင့်ရရှိဖို့ ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေအပေါ် တရားဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ စတဲ့ တောင်းဆိုချက်တွေကို ဆန္ဒပြတောင်းဆိုကြတာပါ။

ခိုင်ခိုင်စန္ဒာ ကားစက်ရုံ အလုပ်သမားသမဂ္ဂ၊ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားသမဂ္ဂ၊ good family အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ၊ စတဲ့ စက်ရုံတွေက အလုပ်သမား သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေ စုပေါင်းပြီး ဆန္ဒပြကြတာပါ။

အောက်တိုဘာ(၂၁)ရက်နေ့ကလည်း ဒဂုံဆိပ်ကမ်းစက်မှုဇုန်က အလုပ်သမား (၂၀၀) ကျော်ဟာ လုပ်ငန်းခွင် ကောင်းမွန်ရေး ၊ လုပ်ခလစာ တိုးမြှင့်ပေးရေး အတွက် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။