ရန်ကုန်စည်ပင်သာယာ အတွက် ဒေါ်လာ သန်း ၁ဝဝ ချေးမည်


2017.05.18
mahn-winkhaingthan-620.jpg ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းကို မေလ ၁၈ ရက်နေ့က တွေ့ရစဉ်
.

ရန်ကုန်မြို့မှာ ရေကြီးရေလျှံမှုတွေကာကွယ်ဖို့၊ အဆောက်အအုံတွေ ထိန်းသိမ်းဖို့နဲ့ ဝန်ထမ်းတွေ စွမ်းဆောင် ရည်မြင့်မားဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ကျော်အသုံးပြုဖို့ ကမ္ဘာ့ဘဏ်က ချေးငွေချေးယူမှာဖြစ်ပါတယ်။

ချေးငွေမှုာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အမေရိကန်ဒေါ်လာ ၁ဝ၄ သန်း၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၂ဝ နဲ့ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁ သန်း စုစုပေါင်း ၁၂၅ သန်း ဖြစ်ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ချေးငွေပြန်လည်ပေးဆပ်မယ့် အစီအစဉ်ကို ပြည်ထောင်စု လွှတ်တော်ကို အခုလိုတင်ပြပါတယ်။

"ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က ချေးငွေအမေရိကန်ဒေါ်လာ ၁ဝ၄ သန်းနဲ့ ဆောင်ရွက် မည့် လုပ်ငန်းများ အတွက် ချေးငွေပြန် လည်ပေးဆပ်တဲ့နေရာမှာ ရန်ကုန်မြို့တော် ရေပေးဝေမှုစီမံကိန်း အရ သီလဝါအထူးစီးပွားရေးဇုန်သို့ရေတစ်ဂါလံလေးကျပ်နှုန်းဖြင့် တစ်ရက်လျှာင်ရောင်းချမည့် ရေဂါလံ ဆယ်သန်းအတွက် တစ်နှ်စ်အတွက်ဝင်ငွေ ၁၄.၆ ဘီလီယံကျပ် ထုတ်နှုတ်ပေးဆပ်သွားမည်ဖြစ်ပါတယ်"

အဆင့်သုံးဆင့်နဲ့ ဆောင်ရွက်မယ့် အဲဒီစီမံကိန်းမှာ ဂျိုးဖြူရေလှောင်ကန်ပြုပြင်ရေး၊ ဗိုလ်ချုပ် အောင်ဆန်းဈေးပြုပြင် တာ၊ ရေသွင်းရေထုတ်မြောင်းတွေ ပြုပြင်တာအပါအဝင် ရန်ကုန်မြို့ကို ရေကြီးရေလျှံက ကာကွယ်နိုင်မယ့် အစီအစဉ်တွေပါဝင်ပါတယ်။

ချေးငွေအတွက် ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ် စုစုပေါင်း ချေးငွေသက်တမ်း ၃၈ နှစ်ဖြစ်ပြီး အတိုးပေးချေရတာမရှိပါဘူး။

ဒါပေမယ့် ဝန်ဆောင်ခအနေနဲ့ ဝ ဒသမ ၇၅ ရာခိုင်နှုန်းကို တစ်နှစ်မှာ နှစ်ကြိမ်ပေးရမယ်လို့လည်း ပို့ဆောင်ရေး ဒုဝန်ကြီးက ပြောပါတယ်။

အဲဒီချေးငွေနဲ့ပတ်သတ်ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် ၂၂ ရက်နေ့ နောက်ဆုံးထားပြီး နာမည်စာရင်းပေးဖို့ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။