ရခိုင်ပြည်ဖွံ့ဖြိုးရေး ကမ္ဘာ့ဘဏ် ဒေါ်လာသန်း ၁၀၀ ထုတ်ချေးဖို့ စီစဉ်

2018-09-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကမ္ဘာ့ဘဏ်အဖွဲ့က အာရှပစိဖိတ် ဒေသဆိုင်ရာ စီပွားရေးပညာရှင် Phllip O’Keefe ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်တွေ လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတို့ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က စစ်တွေဟိုတယ်မှာ တွေ့ဆုံစဉ်
ကမ္ဘာ့ဘဏ်အဖွဲ့က အာရှပစိဖိတ် ဒေသဆိုင်ရာ စီပွားရေးပညာရှင် Phllip O’Keefe ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်တွေ လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတို့ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က စစ်တွေဟိုတယ်မှာ တွေ့ဆုံစဉ်
ဓာတ်ပုံ - ဦး သန်း ထွန်း

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အကူအညီပေးမယ့် ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ရခိုင်ပြည်နယ်အလယ်ပိုင်းက ဖွံ့ဖြိုးမှုအနည်းဆုံးဒေသတွေမှာ အဓိက ဦးစားပေး အကောင်အထည်ဖော်ဖို့ စစ်တွေမြို့ခံတွေက အကြံပြုခဲ့ကြတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့က မနေ့က စစ်တွေဟိုတယ်မှာ ကမ္ဘာ့ဘဏ်အဖွဲ့က အာရှပစိဖိတ် ဒေသဆိုင်ရာ စီပွားရေးပညာရှင် Phllip O’Keefe ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးရာမှာ အကြံပြုခဲ့တာလို့ စစ်တွေမြို့ခံ ဦးသန်းထွန်းက RFA ကို ဒီနေ့ ပြောပါတယ်။

"ဒေါ်လာသန်း ၁၀၀ စီမံကိန်းလုပ်ဖို့အတွက်ကို ကနဦး စီစဉ်ထားတယ်ပေါ့နော်၊ ကျနော်တို့ကို ဘယ်မြို့နယ်တွေ အဆင်ပြေမလဲလို့မေးတာပေါ့၊ ရခိုင်ပြည်နယ် အလယ်ပိုင်းပေါ့၊ ရခိုင်ပြည်နယ်ထဲမှာ အဆင်းရဲဆုံးမြို့နယ် ၃ ခုဖြစ်တဲ့ မြေပုံမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ် ဒီ ၃ ခုတော့ အကြံပြုတာပေါ့နော်"

ရခိုင်ပြည်နယ်အလယ်ပိုင်းက အဆင်းရဲဆုံးမြို့နယ် ၃ ခုမှာ စိုက်ပျိုးမွေးမြူရေး ရေလုပ်ငန်း၊ SME လုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းနဲ့ ကျေးရွာချင်းဆက်လမ်းကွန်ရက်တွေကို ဦးစားပေးသုံးစွဲသင့်တယ်လို့ အကြံပြုခဲ့တယ်လို့ ပြောပါတယ်။

ရခိုင်လူမျိုးတွေအတွက် သီးသန့်အနေနဲ့ ကမ္ဘာ့ဘဏ်က အခုလို ချေးငွေထုတ်ပေးပြီး ကူညီတာဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး နောက်ထပ် ဆက်လက်ကူညီဖို့ရှိတယ်လို့လည်း ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ တယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။

စီမံကိန်းကို လာမယ့် ၂၀၁၉ ခုနှစ်မှာ စတင်မယ်လို့လည်း သိရပါတယ်။ ကမ္ဘာ့ဘဏ်က ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ မြို့ခံတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့