ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်သွားခွင့် ပိတ်ပင်ခံရ

2015-08-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee  ကို တွေ့ရစဉ်
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ်ယန်ဟီးလီက သူမကို မြန်မာအစိုးရက ရခိုင်ပြည်နယ်သွားရောက်ခွင့် ပိတ်ပင် ခဲ့ကြောင်းနဲ့ မြန်မာပြည် မှာ ၁ဝ ရက်ကြာ နေထိုင်ခွင့်တောင်းခံခဲ့တာကိုလည်း ၅ ရက်ပဲခွင့်ပြုခဲ့ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ ဒ့ါအပြင် ယန်ဟီးလီက မြန်မာပြည်ကို သူမ အရင်ကလာရောက် တဲ့ ခရီးစဉ်တွေမှာ တွေ့ဆုံခဲ့သူတွေကို အစိုးရက မေးမြန်းစောင့်ကြည့်တာတွေရှိတယ်လို့ သိရကြောင်း၊ အခုခရီးစဉ် မှာလည်း သူတွေ့ချင်သူတွေကို အစိုးရက တွေ့ဆုံခွင့်ပိတ်ပင်တာတွေ၊ ကြိုတင်အသိပေးခြင်းမရှိပဲ တွေ့ဆုံချိန်အနီးကပ်ပြီး မှ အကြောင်းတစုံတရာမပြပဲ ဖျက်သိမ်း လိုက်တာတွေရှိကြောင်းနဲ့ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေအပေါ်ချုပ်ချယ် မှုတွေရှိနေကြောင်း ပြောပါတယ်။

တဆက်တည်းမှာပဲ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က လက်ရှိမှာ မြန်မာပြည်တဝှမ်း အင်မတန်ကြီး မားတဲ့ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတာကို မိမိ နားလည်ခံစားနိုင်ပါတယ်၊ ဒါပေမယ့် အခုလို မိမိအပေါ်ရန်သူသဖွယ် ဆက်ဆံတာ ကိုတော့ မျှော်လင့်ထားခဲ့ခြင်းမရှိပါဖူးလို့ မနေ့ညနေက ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအများအပြားကို လာမယ့် နိုဝင် ဘာရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုမှာ မဟုတ်ဖူးလို့ ကြားသိရကြောင်း ဒါဟာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံ မှု ဖြစ်ကြောင်း၊ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့လိုကြောင်း စသဖြင့် ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီ က ပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (10)
Share

ပြည်ထောင်စုသား

ချက်ခြင်းမောင်းမထုတ်လို့ ကျေးဇူးတောင်တင်ရမှာ

Aug 09, 2015 08:17 AM

အမည်မဖော်လိုသူ

The so called new system has never changed it colour and will not change in the future for their self interests and its credibility has long been lost.

Aug 08, 2015 09:51 AM

မြန်မာပြည်သား

နေရပ်- ထိုင်းနိုင်ငံ

ယန်ဟီးလီရေ
၁။ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူစတဲ့ နိုင်ငံတွေရဲ့ မဲပေးမှု အခွင့်အရေးကရော နိုင်ငံသားကဒ်ရှိသူ မရှိသူ ခွဲခြားမှု မရှိဘူးလား။ တို့နေတဲ့ ထိုင်းနိုင်ငံမှာတော့ ထိုင်းနိုင်ငံသားကဒ်မရတဲ့ (ထိုင်းမှာ အနှစ် ၂ဝ ကျော်နေခဲ့တဲ့ ကရင်ဘတ် ရထားတဲ့ တို့အစ်မ အပါအဝင်) မြန်မာတွေဆို တစ်ယောက်မှ ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ မဲပေးခွင့် မရပါဘူး။
၂။ ယန်ဟီးလီတို့ ကိုးရီးယားနိုင်ငံမှာရော ကိုးရီးယားနိုင်ငံသား ဟုတ်ဟုတ် မဟုတ်ဟုတ် မဲပေးခွင့် ရတာပဲလား။ ကိုးရီးယားမှာ မြန်မာဒုက္ခသည်ဆိုပြီး တို့မြန်မာတွေသွားနေရင်း မဲသွားပေးရင် လက်ခံမလား။

Aug 08, 2015 03:39 AM

နားလည်​ပါ

မြန်​မာပြည်​သူ​ရော အစိုးရပါ အတိုက်​ခံအင်​အားစုပါ ​ရေ​ဘေးနဲ့  အလုပ်​ရှုတ်​​နေချိန်​မှာ ရမ်းဟီးက သူအလုပ်​ပီးဖို့ အဓိဖြစ်​​နေတယ်​ နားလည်​ဖို့ သင့်​ပါတယ်

Aug 08, 2015 02:01 AM

စိုးမောင်ဦး

မြန်မာနိုင်ငံက နိုင်ငံသားမွတ်စလင်တွေ ကိုခွဲခြားဆက်ဆံခြင်းမရှိခဲ့ပါ ရခိုင်ရှိ ခိုးဝင် ဘင်္ဂလီသည် နိုင်ငံသားမဟုတ်သည့်အတွက် နိုင်ငံသားကဲ့သို့တန်းတူအခွင့်ရေးမရနိုင်ပါ ကိတ်စ၂ခုကိုမရောပါနှင့်

Aug 07, 2015 11:54 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့