ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် လားရှိုး အကျဉ်းထောင်ကို သွားရောက်


2017.07.14
yangheelee-lashio-prison-620.jpg ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီ ဇူလိုင်လ ၁၄ ရက်နေ့က လားရှိုးမြို့အကျဉ်းထောင်ကို သွားရောက်ခဲ့စဉ်
Photo: Kan Thar/RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီကနေ့ ညနေမှာ လားရှိုးမြို့ အကျဉ်းထောင်ကို သွားရောက်ခဲ့ပါတယ်။

မစ္စယန်ဟီးလီဟာ မုံးကိုးမြို့မှာ တိုက်ပွဲဖြစ်ပွားစဉ်က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ကူညီခဲ့တယ်ဆိုပြီး တပ်မတော်က မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးထားတဲ့ ကချင်သင်းအုပ်ဆရာနှစ်ယောက်ဖြစ် တဲ့ ဦးဒီဒီနောင်လတ်နဲ့ ဦးလန်ဂျော်ဂန်ဆိုင်း တို့ကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ မနက်ဖြန်မှာ လားရှိုးမြို့မှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ မှာဖြစ်ပါတယ်။

မစ္စယန်ဟီးလီရဲ့ မူလအစီအစဉ်မှာ စစ်ရှောင်စခန်းတွေကို သွားရောက်ဖို့ ပါဝင်ပေမယ့် လုံခြုံရေး အကြောင်းပြချက် နဲ့ အစိုးရဘက်က ခွင့်မပြုတာကြောင့် အစီအစဉ်ကို ဖျက်လိုက်ရတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။