ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မီဒီယာကောင်စီနဲ့ တွေ့ဆုံ


2017.07.13
yangheelee-media-council-620.JPG ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တွေ ဇူလိုင်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ သတင်းမီဒီယာကောင်စီရဲ့ ရုံးခန်းမှာ တွေ့ဆုံစဉ်
Photo: Htet Arkar/RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ အဖွဲ့ဝင်တွေနဲ့ ဒီကနေ့ ရန်ကုန်မြို့က သတင်းမီဒီယာကောင်စီရဲ့ ရုံးခန်းမှာ တွေ့ဆုံခဲ့ပါတယ်။

မစ္စယန်ဟီးလီနဲ့ တွေ့ဆုံရာမှာ သတင်းမီဒီယာတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပြလိုက်နိုင်ပြီး သူက တဆင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို သတင်စကားပါးလိုက်နိုင်တယ်လို့ သတင်းမီဒီယာကောင်စီရဲ့ ဒုတိယ ဥက္ကဌ ၁ ဖြစ်တဲ့ ဦးအောင်လှထွန်းက ပြောပါတယ်။

"အခုကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာအားလုံးကို သူ့ကိုအသိပေးခွင့်ရတယ်၊ သူကတဆင့် သူတွေ့မယ့် ပုဂ္ဂိုလ်တွေပေါ့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တွေပါပါတယ်၊ သူ့ဆီကိုလည်း ဒီသတင်းစကားတွေရောက်မှာပါ"

သတင်းသမားတွေနဲ့ တွေ့ဆုံဖို့နဲ့ အစိုးရအဖွဲ့နဲ့ပတ်သက်ပြီး သတင်းရယူရာမှာ အခက်အခဲဖြစ်နေတာတွေကို အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ သတင်းစကားပါးလိုက်နိုင်တယ်လို့ သတင်းမီဒီယာကောင်စီက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ မနေ့ကလည်း စစ်တွေမြို့ကို သွားရောက်ခဲ့ပြီး ဒေသခံ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီခရီးစဉ်မှာ ဒေသခံတွေရဲ့ ဆန္ဒပြမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။