စစ်တပ်အပေါ် ပြင်းထန်တဲ့ ဖိအားတွေချမှတ်ဖို့ ယန်ဟီးလီ တိုက်တွန်း


2017.12.22
yangheelee-622.jpg မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ကုလသမဂ္ဂနဲ့အတူ ဆက်လက်ဆောင်ရွက်လိုဆဲ ရှိနေပေမယ့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေအနေနဲ့ မျှတမှုရှိရပါလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ကို မြန်မာနိုင်ငံအစိုးရက ပြည်ဝင်ခွင့်ငြင်းပယ်ခဲ့ပြီး နောက်တနေ့မှာ ပြောလိုက်တာပါ။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအနေနဲ့ အထူးကိုယ်စားလှယ်စနစ်ပုံစံနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်နေဆဲဖြစ်ပါတယ်၊ ဒါပေမဲ့ မစ္စ ယန်ဟီးလီရဲ့ ဆောင်ရွက်ချက်တွေက အဂတိ တရား မကင်းဘဲဖြစ်နေတဲ့အတွက်၊ မြန်မာနိုင်ငံအကြောင်း အသေအချာ ထဲထဲဝင်ဝင်သိရှိသူ၊ မျှမျှတတရှိပြီး၊ မျက်နှာမလိုက်သူတစ်ဦးနဲ့ အစားထိုးပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုထားပါတယ်လို့ ပြောကြားခဲ့ပါတယ်။

မစ္စ ယန်ဟီးလီကတော့ အခုလို သူ့ကို ပြည်ဝင်ခွင့်ငြင်းပယ်လိုက်တာဟာ မြန်မာနိုင်ငံတွင်းမှာ ကြောက်မက်ဖွယ် ကိစ္စတွေ ပေါ်ပေါက်နေလို့သာဖြစ်ရမယ်လို့ တုံ့ပြန်ပြောဆိုပြီး၊ နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်အပေါ် ပြင်းထန် တဲ့ ဖိအားတွေ ချမှတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။