မြို့တော်ခန်းမရှေ့ အကြမ်းဖက်မှု စုံစမ်းရေးအစီရင်ခံစာ သမ္မတထံ တင်သွင်းမည်

2015-03-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ် အနီဝတ်ထားတဲ့သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ် အနီဝတ်ထားတဲ့သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်
Photo: Thiha Tun, Kyaw Lwin Oo/RFA

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော် မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတထံ တင်ပြမှာဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဝင်တွေက ပြောပါတယ်။

ပါဝင်ခဲ့သူ ၂၀ ကို စစ်ဆေးပြီး ရရှိလာတဲ့အချက် အလက်တွေနဲ့ အစီရင်ခံစာတင်တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက ပြော ပါတယ်။

"အကြမ်းဖျင်းပြောရရင်တော့ ကျနော်တို့စစ်တာ ကတော့ စုစုပေါင်း လူ ၂ဝ ကျော်စစ်တာပေ့ါ၊ ဒီနေ့ အချောသတ်ပြီးပို့မှာ"

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရန်ကန်မြို့တော်ခန်းမရှေ့ မှာ လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲတာမလုပ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေကို ရဲတပ်ဖွဲ့နဲ့ လက်ပတ်နီဝတ် အရပ်သားတွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းစစ်ဆေးဖို့အတွက် မတ်လ ၁၀ ရက်နေ့က ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း အပါအဝင် ၅ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ ၅ ဦးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၈ ဦးက စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ခေါ်ယူစစ်ဆေးမှုကို မတွေ့ဆုံဘဲ ငြင်းပယ်ထားပါတယ်။

ကော်မရှင်မှာပါသူတွေနဲ့ ဖမ်းဆီးရိုက်နှက်ခံရသူတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (3)
Share

အတြင္းသိ

နေရပ်- Myanmar

ဘုရင် က သန်လျက် ခိုးတဲ့ သူခိုး ဖမ်းခိုင်းသလို ဖြစ်နေပြီ။ ပြည်ထဲရေး ဝန်ကြီး အမိန့်ကြောင့် ဖြိုခွင်းတာ ပြည်ထဲရေး ဒုဝန်ကြီးက ဥက္ကဌ ဆိုတော့ ရှင်းနေပြီပဲ။

Mar 31, 2015 07:36 PM

Thant Sin

နေရပ်- Myanmar

ပြည်ထဲရေး ဝန်ကြီးအမိန့် ပေးပြီး ဖြိုခွင်း ခဲ့တာကို စုံစမ်းရေး ကော်မရှင် ဥက္ကဌ ပြည်ထဲရေး ဒုဝန်ကြီးက ဘယ်လိုလုပ်ပြီး အမှုမှန် ပေါ်အောင် ဖေါ်ထုတ်နိုင်မှာလဲ။ ဖွဲ့စည်းပေးတဲ့လူဟာ တော်တော် stupid ဖြစ်လို့လား ဒါမှ မဟုတ် တမင်တကာ အမှုမှန် မပေါ်အောင် ဖွဲ့ပေးလိုက်တာလား ရှင်းနေတာပဲ။

Mar 31, 2015 07:32 PM

မဆန်းတဲ့

နရေပျ- မျက်လှည့် ပြကွက်

ရိုက်သူ နဲ့ အရိုက်ခံရတဲ့သူ (၂ ဘက်)ပဲ ရှိတာ။ ဘာကို စံစမ်းစစ်ဆေးမှာလဲ။ ၂၀၀၈နာဂစ်စစ်ဥပဒေအရ ဆန္ဒပြခွင့်ရှိလို့ ဆန္ဒပြတာပဲ ၊ ရိုက်စရာလား။ “လပတ်နီ”တွေ ဘယ်သူလဲဆိုတာကိုပဲ “ဟန်ပြ” စုံစမ်းရမှာ။

Mar 31, 2015 01:31 PM

ဆိုက်တခုလုံးသို့