သတင်းသမားများကို အန္တရာယ်ပြုမှု အဆုံးသတ်ရေး ဆန္ဒပြ

2014-11-02
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သတင်းမီဒီယာသမားတွေအပေါ် ဥပဒေအရထိရောက်တဲ့ အကာအကွယ်ရရှိဖို့ မြို့တော်ခန်းမရှေ့မှာ နိုဝင်ဘာလ ၂ ရက်နေ့က သတင်းသမားတွေ ဆန္ဒပြတောင်းကြဆိုစဉ်
သတင်းမီဒီယာသမားတွေအပေါ် ဥပဒေအရထိရောက်တဲ့ အကာအကွယ်ရရှိဖို့ မြို့တော်ခန်းမရှေ့မှာ နိုဝင်ဘာလ ၂ ရက်နေ့က သတင်းသမားတွေ ဆန္ဒပြတောင်းကြဆိုစဉ်
Photo: Kyaw Htun Naing/RFA

ဒီနေ့ ကျရောက်တဲ့ International Day To End Impunity for Crimes against Journalists နိုင်ငံတကာ သတင်းသမားများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများ အဆုံးသတ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ သတင်းမီဒီယာသမားတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းက အဖွဲ့ဝင်တွေအပါအဝင် လူ ၅ဝ ကျော်ဟာ သတင်းမီဒီယာသမားတွေအပေါ် ဥပဒေအရထိရောက်တဲ့ အကာအကွယ်ရရှိဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံက သတင်းသမားတွေမှာ ဖမ်းဆီးထောင်ချ ခံနေရတာတွေအပြင် အသက်အန္တရာယ် ထိခိုက်တဲ့ အထိ ခြိမ်းခြောက်ခံရမှုတွေလည်း ရှိတယ်လို့ မြန်မာ ဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော် က ပြောပါတယ်။

"သတင်းသမားတွေကို ကျူးလွန်တဲ့ပြစ်မှုတွေက အသက်သေဆုံးတဲ့ ကိစ္စတွေလည်းရှိတယ်၊ အသက်မသေဆုံးပေမဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ခြိမ်းခြောက်တာတွေရှိပါတယ်၊ မကြာခင် ရွေးကောက်ပွဲလိုကာလမျိုးမှာ ကျနော်တို့ သတင်းယူတဲ့အခါမှာ ခြိမ်းခြောက်ကျူးလွန်ခံရနိုင်တဲ့ အလားအလာတွေရှိနိုင်တယ်၊ ဒါကြောင့် ကျနော်တို့ အစိုးရတစ်ခုတည်း တင်မကပဲနဲ့ တခါတလေမှာ လက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်ရင်လည်းဖြစ်မယ်၊ တခါတလေမှာ အစွန်းရောက်တဲ့ အဖွဲ့ အစည်းတွေလည်း ဖြစ်ရင်လည်းဖြစ်မယ်၊ အဲ့ဒီလိုလူတွေက ကျနော်တို့ မီဒီယာသမားတွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်နိုင်တယ်"

ဒ့ါအပြင် ဆန္ဒပြသူတွေဟာ သတင်းမီဒီယာသမားတွေ ခြိမ်းခြောက်ခံနေရမှုတွေ ပပျောက်ဖို့အတွက် ဆူးလေစေတီတော်ကို တစ်ပတ်ပတ်ပြီး တနင်္ဂနွေထောင့်မှာ ဖယောင်းတိုင်ထွန်းဆုတောင်းခဲ့ကြပါတယ်။

အဲ့ဒီ အခမ်းအနားကို နိုင်ငံတကာမှာ ၂ဝဝ၉ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်။

မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ကိုမြင့်ကျော်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့