ရန်ကုန်မှာ သွေးလွန်တုပ်ကွေးဖြစ် ပွားမှု ၄ ဆ တိုးလာ


2017.05.16
lashio-dengue-fever-622.jpg သွေးလွန်တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက်ကုသနေတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရန်ကုန်မြို့မှာ အခုနှစ် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုဟာ မနှစ်ကထက် ၄ ဆ ပိုဆိုးလာတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

မနှစ်က ပထမ ၄ လတာအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၂၁၄ မှုပဲရှိခဲ့ပေမယ့် အခုနှစ် ပထမ ၄လအတွင်း ၉၅၄ မှုအထိ ၄ ဆ တိုးလာခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး Global New Light of Myanmar သတင်းစာက ဖော်ပြပါတယ်။

သွေးလွန်တုပ်ကွေးအများဆုံးဖြစ်ပွားနေတဲ့ မြို့နယ်တွေကတော့ လှိုင်သာယာနဲ့ ဒလတို့ဖြစ်ပြီး ရေသန့်ရှင်းမှု မရှိတာကြောင့်လို့ ဆိုပါတယ်။

အာဏာပိုင်တွေအနေနဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအများဆုံးမြို့နယ် ၂၀ မှာ ကာကွယ်ရေး လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။