ရန်ကုန်တက္ကသိုလ် ပုံမှန်သင်တန်းတွေ ပြန်ဖွင့်မည်


2013.07.10

ရန်ကုန်တက္ကသိုလ်အနေနဲ့ ပုံမှန်သင်တန်းတွေ ပြန်ဖွင့်တော့မယ်လို့ တက္ကသိုလ်တာဝန်ရှိသူတွေက အင်္ဂါနေ့က ပြောပါတယ်။

အခုပညာသင်နှစ်အတွင်း အချိန်ပြည့် ဘွဲ့ကြိုသင်တန်းတွေ ပြန်ဖွင့်တော့မှာပါ။

နိုင်ငံရေးသိပ္ပံအပါအဝင် ဘာသာရပ် (၁၉) မျိုး သင်ကြားပို့ချမှာဖြစ်ပါတယ်လို့ ရန်ကုန်တက္ကသိုလ် သင်တန်းဌာန အကြီးအကဲ ဦးလှဆွေက ပြောကြားကြောင်း DPA သတင်းက ဖေါ်ပြပါတယ်။

ရန်ကုန်တက္ကသိုလ်ဟာ တစ်ချိန်က ဒေသတွင်းမှာ ပညာသတင်း ကြီးမားထင်ရှားခဲ့သလို၊ နိုင်ငံရေး အစဉ်အလာ လည်း ကြီးမားခဲ့ပါတယ်။

အဲ့ဒါကြောင့် ၁၉၉၆ ခုနှစ်က စပြီး ရန်ကုန်တက္ကသိုလ်က ပုံမှန် သင်တန်းတွေကို စစ်အစိုးရက ပိတ်ပစ်လိုက်ပြီး၊ ဘွဲ့လွန်သင်တန်းတွေသာ ထားခဲ့ပါတယ်။

အခုလာမယ့် စာသင်နှစ်ကစပြီး ပုံမှန်အချိန်ပြည့် ဘွဲ့ကြိုသင်တန်းတွေ ပြန်ဖွင့်တော့မှာဖြစ်ကြောင်း၊ အရှေ့တောင်အာရှဒေသမှာ ထိပ်တန်းတက္ကသိုလ်ဖြစ်ခဲ့တဲ့ဘဝကို ပြန်ရအောင် ပထမဆုံးခြေလှမ်းအနေနဲ့ မူဝါဒ ကို စတင်ပြောင်းလဲ လိုက်ပြီဖြစ်ကြောင်း ဦးလှဆွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။