ကိုဇာဂနာ အကြောင်း မှတ်တမ်းရုပ်ရှင် နယူးဇီလန်မှာ အောင်မြင်

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့(Amnesty International) က မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား ကိုဇာဂနာ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို နယူးဇီလန်နိုင်ငံက မြို့ကြီးတွေမှာ လိုက်လံ ပြသနေရာမှာ စိတ်ဝင်စားသူ များပြားပြီး အောင်မြင်မှှု ရနေတယ်လို့ နယူးဇီလန်ရောက် မြန်မာ့အရေး လှှုပ်ရှားသူတွေက ပြောပါတယ်။

2011.07.29
zarganar_film_poster_305_z.png ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ့ အကြောင်း မှတ်တမ်းရုပ်ရှင် ပိုစတာ ဖြစ်ပါသည်။ (U.S. Premiere organizers)
U.S. Premiere organizers

အနုပညာရှင် ဟာသ သရုပ်ဆောင် ကိုဇာဂနာရဲ့ အကြောင်း ရိုက်ကူးထားတဲ့ "This Prison Where I live" "ကျနော်နေတဲ့ ဒီအကျဉ်းထောင်" ရုပ်ရှင်ကို နယူးဇီလန်က မြို့ကြီးတွေမှာ တစ်လကို တစ်မြို့ လိုက်လံ ပြသနေတာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က Wellington မြို့က Wellington တက္ကသိုလ်မှာ ပြသခဲ့ပါတယ်။ ရုပ်ရှင်ပြပွဲနဲ့အတူ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ် တွေလည်း စုဆောင်းခဲ့ပါတယ်။

အဲဒီ မှတ်တမ်း ရုပ်ရှင်ပွဲကို နယူးဇီလန်နိုင်ငံသား ၄၅၀ ကျော် တက်ရောက် ခဲ့ပြီး ၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ လက်မှတ်တွေ စုဆောင်း ကောက်ယူ ခဲ့ရာမှာ လက်မှတ် စုစုပေါင်း ၂၀၀ ကျော်ရရှိခဲ့တယ်လို မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ နယူးဇီလန် ရဲ့ ပြောခွင့်ရသူ ဦးနိုင်ကိုကို က ပြောပါတယ်။

နယူးဇီလန် အစိုးရ ရုပ်မြင်သံကြား သတင်းဌာနကလည်း အဲဒီပွဲအကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်လွှင့် ပြသခဲ့ပါတယ်။ နောက်လမှာတော့ နယူးဇီလန်က နောက်ထပ် မြို့ကြီးတစ်မြို့ဖြစ်တဲ့ အိုတားဂိုးမြို့ မှာ ပြသမယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-07-30 01:53

ကြည့်လို့ရနိုင်ပါသလား၊ ဒီရုပ်ရှင်ကိုဘယ်လိုနည်းနဲ့မြန်မာပြည်ရောက်
အောင်ပို့မလဲဆိုတာသိခွင့်ရနိုင်ပါသလား

Anonymous
2011-10-03 03:23

အဲဒီရုပ်ရှင် ကို ကြည့်ချင်ပါသည်။