စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းသင့်ကြောင်း ကိုဇာဂနာ မပြော

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ ပြန်လည်ရုပ်သိမ်းသင့်ကြောင်း ကိုဇာဂနာက အကြံပြုခဲ့တယ်ဆိုတဲ့ Bloomberg သတင်းဌာနရဲ့ ပြောဆိုချက်ဟာ မဟုတ်မမှန်ကြောင်း ကိုဇာဂနာက အာရ်အက်ဖ်အေကို ဒီကနေ့ ပြောဆိုပါတယ်။
2011-12-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အကျဉ်းကျခံနေရဆဲ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့က ဘုန်းကြီးကျောင်းတွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့ရာ မကြာသေးခင်ကမှ အကျဉ်းထောင်မှ ပြန်လွတ်လာသူ
နိုင်ငံရေးအကျဉ်းသား ဟာသပညာရှင် ဇာဂနာ ခေါ် ကိုသူရ တက်ရောက်ပြီး ကိုမင်းကိုနိုင် အကြောင်း စကားပြောဆိုသည်။
အကျဉ်းကျခံနေရဆဲ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့က ဘုန်းကြီးကျောင်းတွင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့ရာ မကြာသေးခင်ကမှ အကျဉ်းထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ဟာသပညာရှင် ဇာဂနာ ခေါ် ကိုသူရ တက်ရောက်ပြီး ကိုမင်းကိုနိုင် အကြောင်း စကားပြောဆိုသည်။
AFP

ထိုင်းနိုင်ငံမှာ ရှိစဉ် အီးယူ သံအမတ်တွေနဲ့ တွေ့ဆုံချိန်မှာ မိမိအနေနဲ့ စီးပွားရေး ပိတ်ဆို့မှု ကိစ္စကို မဆွေးနွေးကြောင်း၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းတွေက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ပြည်ပ နိုင်ငံတွေကို တင်ပို့ခွင့်သာ တောင်းဆိုခဲ့ကြောင်းနဲ့ မြန်မာ ပြည်သူတွေကို ကူညီ ထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းတွေကိုသာ ဆွေးနွေးခဲ့ကြောင်း ပြောဆိုပါတယ်။

ကိုဇာဂနာဟာ ထိုင်းနိုင်ငံကို ခေတ္တ ရောက်နေတုန်း တနင်္လာနေ့ ညနေက ဘန်ကောက်မြို့ သတင်းထောက်များ အသင်းမှာ ဟောပြောပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်း ဖြစ်ပေမယ့် အတော့်ကို ကွာခြားနေပြီး ဘန်ကောက် လေယာဉ်ကွင်းနဲ့ လေယာဉ်တွေ တွေ့လိုက်ရတဲ့အခါ အတော် အံ့အားသင့်သွား သလို တိုက်တာ အဆောက်အအုံနဲ့ လမ်းတံတားတွေ တွေ့လိုက်ရတဲ့ အခါမှာလည်း မှင်တက်မိသွားတယ်လို့ ကိုဇာဂနာက ပြောပါတယ်။

ဒါ့အပြင် ထိုင်းလူငယ်တွေကို ကြည့်လိုက်တဲ့ အခါမှာ လွတ်လပ်နေပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိနေတဲ့ အမူအရာ ဟန်ပန် တွေ့ရပေမယ့် မြန်မာ လူငယ်တွေမှာတော့ နေ့တိုင်း စိုးရိမ်သောကတွေ ပြည့်နေတာ တွေ့ရတယ်လို့ ကိုဇာဂနာက သတင်းထောက်များ အသင်းမှာ ပြောပြပါတယ်။

အဲဒီပွဲမှာ သတင်းထောက်တွေက ကိုဇာဂနာ အဖမ်းခံရစဉ်က အတွေ့အကြုံတွေ မေးလို့ ပြောပြတယ်လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ကိုဇာဂနာကို အာရ်အက်ဖ်အေ ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (3)
Share

အမည်မဖော်လိုသူ

HI HI MONE MONE IS BLIND.FUNNY mone mone..

Dec 22, 2011 05:12 AM

အမည်မဖော်လိုသူ

Lifting Myanmar Sanctions Would Lead to More Aid, Zarganar Says
December 19, 2011, 10:06 AM EST
By Daniel Ten Kate
Dec. 19 (Bloomberg) -- A former Myanmar political prisoner told reporters lifting sanctions, particularly to allow investment in the garment sector, would benefit average people.
“If they lifted sanctions we would get much aid from foreign countries,” Maung Thura, also known as Zarganar, told foreign reporters in Bangkok on his first trip outside Myanmar.
The World Bank discussed ways to give aid to Myanmar in a meeting with him today, said Maung Thura, who has been arrested four times and was released earlier this year.
--Editor: Tony Jordan
To contact the reporter on this story: Daniel Ten Kate in Bangkok at dtenkate@bloomberg.net
To contact the editor responsible for this story: Tony Jordan at tjordan3@bloomberg.net

Dec 21, 2011 01:57 AM

အမည်မဖော်လိုသူ

Zarganar=Aunty Su
Never consider for people, only consider for themselves and their political members

Dec 21, 2011 12:48 AM

ဆိုက်တခုလုံးသို့