ယခုသတင်းအတွက် မှတ်ချက်အားလုံးကို ဖတ်ရှုန် မန္တလေးအစိုးရအဖွဲ့ တာဝန်လွှဲပြောင်းရေး အဆင်မပြေ

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။







အမည်မဖော်လိုသူ :

အပြင်ပမ်းအားဖြင့် ကြည့်မယ်ဆိုရင် အစိုးရဟောင်းနဲ့ အစိုးရသစ် အာဏာ အလွှဲအပြောင်းဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့ရှိနေတယ်လို့ အပြင်ပမ်းအားဖြင့် သဘောရပေမဲ့လို့ တကယ့်အနှစ်သာရ အတွင်းသဘောမှာတော့ အစိုးရသစ်နဲ့ အစိုးရဟောင်း အလွှဲအပြောင်းမှာ အစိုးရဟောင်း အနေနဲ့ စေတနာ မမှန်တာတွေ နောက်ပြီးတော့ ဖြစ်သလို ထိုးထည့်သွားတဲ့ အနေအထား မျိုးတွေ နောက် စနစ်တကျ လွှဲပြောင်းမှု မရှိတာတွေကိုလည်း တွေ့ရပါတယ်ဗျ။ ဥပမာ နောက်ဆုံး ဒီနေ့ နေ့လည် ၂ နာရီအထိ အစိုးရသစ်မှာ တာဝန်ယူမယ့် ပြည်ထောင်စု ဝန်ကြီးတွေ နေဖို့ နေအိမ်တွေဟာ အဆင်သင့်မဖြစ်သေးတဲ့အတွက်ကြောင့်မို့လို့ ပြောင်းရွှေ့ပြီး နေနိုင်တဲ့အနေအထားမရှိတာကို တွေ့ရတယ်။ ဒီနေအိမ်ကိစ္စက သိပ်ပြီးတော့ အရေးကြီးတယ်လို့ ပြောလို့ မရပေမဲ့ တဖက် ကပြန်ကြည့်မယ်ဆိုရင် ဒါ စေတနာ မမှန်တာကို ပြနေတယ် လို့ ယေဘူယျ သုံးသပ်လို့ရပါတယ်။

Apr 01, 2016 08:41 PM

    Reply to this comment

အမည်မဖော်လိုသူ :

အုပ်ချုပ်ရေး တရားစီရင်ရေး ရဲ ထောင် အားလုံး ငါတို့ စစ်ဗိုလ် လက်အောက်မှာ ရှိတယ် မင်းဘာတတ်နိုင်မှာလဲ ဆိုတဲ့ တာဝန်ကို တန်ဘိုးမထား ဂုဏ်သရေ ရှိရှိ မနေပဲ လူမိုက်ဆန်ဆန် လုပ်သွားတာပေါ့။ နေရာတိုင်း မှာ မိုးကျရွှေ ကိုယ် တွေ ခန့် ထားတာ ဆိုတော့ အဲဒီ လာပြောတဲ့ လူတွေ လဲ သူ လူတွေပဲ။ ၃ လ အတွင်းသတိထားစေါင့်ကြည့် ကိုးလိုး ကန့် လန့် လုပ်ကြလိမ့် မယ်။ အားလုံးအတူတူ အဂတိ လိုက်စား ထားကြတာ။

Mar 31, 2016 09:39 PM

    Reply to this comment

အမည်မဖော်လိုသူ :

သဘောကတော့ ပြည်သူက ဘယ်လို တင်မြှောက် တင်မြှောက် အရပ်သား ဆိုတာ အာဏာရှင် လို စိတ်ထဲ မတွေ့ ရင် မတွေ့ သလို ဖြုတ် လို့  မရ ဘူး ဆို ပြီး မခန့် လေးစား လုပ်တာပေါ့။ အာဏာရှင် စံနစ် ရဲ့  အုပ်ချုပ်ရေး ပျက်ပြားမှု နမူနာပဲ။ ရာထူးနဲ့ လိုက်တန်တဲ့  ဂုဏ်သိက္ခာ လဲ ထိန်းရမှန်း မသိတော့ လူမိုက်ဆန်ဆန် လုပ်တာပေါ့။ မင်းတို့  ဘာတတ်နိုင်မှာလဲ ဆိုတဲ့ အဓိပ္ပါယ် ပြည်သူ့ အာဏာ ကိုစော်ကားမှုပဲ။

Mar 31, 2016 09:13 PM

    Reply to this comment

အမည်မဖော်လိုသူ :

တပ်က လူတွေ ဆိုတော့ အရပ်သား ကို သောက်ဂရု မစိုက်ဘူး မင်းတို့  လုပ်ချင်ရင် လုပ် မလုပ်ချင်ရင်နေ ဆိုပြီး လူမိုက်ဆန်ဆန် လုပ်သွားတဲ့သဘောပဲ။ သူတို့ ဟာ အစတည်းက ဒီရာထူးတွေ ရထိုက် လို့ ရနေကြတဲ့လူတွေ မဟုတ်တော့ တာဝန်ကို ဘယ်လိုစံနစ်တကျ ဂုဏ်သရေရှိရှိ လွဲပြောင်း ရမယ်ဆိုတာ မသိဘူးလေ။ သူတို့ မှာ ဂုဏ်သရေ လဲ ထိန်းစရာ လဲ မရှိဘူး။

Mar 31, 2016 08:44 PM

    Reply to this comment

မူလသတင်းသိုႛူပန်သြားရန်

ဆိုက်တခုလုံးသို့