ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ် အမှတ် (၁၇)

ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ၁၉၈၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က စစ်ကိုင်း ရဲစခန်းရှေ့မှာ ဆန္ဒပြပြည်သူထောင်ပေါင်းများစွာ ပြစ်ခတ်သတ်ဖြတ်ခံရစဉ်က ကိုယ်တွေ့ကြုံခဲ့ရတဲ့ ဦးခင်မောင်ရွှေ ရဲ့ ပြောဆိုချက်တွေကို နားဆင်ရမှာဖြစ်ပါတယ်။

မျက်မြင်သက်သေတွေရဲ့ပြောဆိုချက်အရ အဲဒီအချိန်က ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ စစ်ကိုင်းမြို့ခံ နိုင်ငံရေးသမားဟောင်း နောင်ရိုးတင်ဝင်း ခေါ် ကိုတင်ဝင်း ကို ပြန်လွတ်ပေးဖို့တောင်းဆိုရာက ပေါ်ပေါက်ခဲ့တဲ့ လူအစုအပြုံလိုက် သတ်ဖြတ်မှုမှာ ဆန္ဒပြသူ ၃ဝဝ ကျော်သေဆုံးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ လက်ရှိနေထိုင်တဲ့ ဦးခင်မောင်ရွှေကို အာဖက်အေ အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။