နိုင်ငံတော်အတိုင်ပင်ခံရဲ့ ရသစာပေစကားဝိုင်း


2018.08.28

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ်ကျောင်းသားတွေနဲ့ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ရသစာပေစကားဝိုင်းဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတခုကို သြဂုတ်လ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ရသစာပေအကြောင်းတွေတင်မကဘဲ လက်ရှိ ပညာရေးစနစ်ရဲ့ အားနည်းချက်တွေ၊ ပြုပြင်သင့်တာတွေကိုလဲ ကျောင်းသူကျောင်းသားတွေက ထောက်ပြကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြန်လည်ဆွေးနွေးပြီး အဲဒီ အားနည်းချက်တွေကို ပြုပြင်ပေးဖို့ ပညာရေးဝန်ကြီးကို တိုက်တွန်းလိုက်ပါတယ်။

ဒီအကြောင်းတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ကောက်နှုတ် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။