ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ အရေးယူတာ မရှိဘူးဆိုရင် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး အပါအဝင် တခြားနည်းလမ်းတွေကို စဉ်းစားနိုင်ဖွယ်ရှိတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt က ပြောကြားတဲ့အပေါ် နိုင်ငံရေးပါတီတွေက ကန့်ကွက်လိုက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် ဖိအားပေး လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။