ရန်ကုန်တိုင်းဥပဒေချုပ်ရာထူး ခန့်အပ်ရေး


2018.09.26

လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဥပဒေချုပ်နေရာမှာ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးကြည်ကို ခန့်အပ်ဖို့အတွက် ဒီကနေ့ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဒေါ်ခင်မျိုးကြည်ဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အငြိမ်းစားညွှန်ကြားရေးမှုး ဖြစ်တာကြောင့် အရင်အစိုးရလက်ထက်က ဝန်ထမ်းဟောင်းတဦးကို ပြန်လည်ခန့်အပ်တဲ့အပေါ် ဝေဖန်သူတွေ ရှိနေပါတယ်။ ဒါ့ပြင် ဒီရာထူးဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ရာထူး ဖြစ်တာကြောင့် မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင် နားလည်သူကိုသာ ခန့်အပ်သင့်တယ်လို့လည်း ဖေန်နေကြပါတယ်။

RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။