လေထုညစ်ညမ်းမှုကြောင့် သင်္ချာစွမ်းရည် ကျဆင်းစေနိုင်

လေထုညစ်ညမ်းမှုဟာ အရင်ကယူဆထားတဲ့အတိုင်း ကျန်းမာရေးထိခိုက်ရုံမက သင်္ချာတွက်နိုင်တဲ့ စွမ်းရည်ပါ ကျဆင်းစေတယ်လို့ လေ့လာချက်တရပ်မှာဖော်ပြပါတယ်။

လေထုညစ်ညမ်းမှုဟာ အရင်ကယူဆထားတဲ့အတိုင်း ကျန်းမာရေးထိခိုက်ရုံမက သင်္ချာတွက်နိုင်တဲ့ စွမ်းရည်ပါ ကျဆင်းစေတယ်လို့ လေ့လာချက်တရပ်မှာဖော်ပြပါတယ်။ တရုတ်နိုင်ငံက လေထု ညစ်ညမ်းမှုကို စစ်တမ်းကောက်တဲ့အခါ အဲဒီလိုတွေ့ရှိရတဲ့ အကြောင်းနဲ့ ရှမ်းပြည်နယ်က တီကျစ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဟာ တရုတ်နိုင်ငံစံနှုန်းအတိုင်း လေထုညစ်ညမ်းမှုကို တိုင်းတာတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်တဲ့ စံနှုန်းထက် ပိုညစ်ညမ်းတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။