ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌကို ဘာကြောင့်နုတ်ထွက်ခိုင်းတာလဲ


2019.03.04
chin-parliament-622.jpg ချင်းပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: Chin World

ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းကို တာဝန်ကနေ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုက ညွှန်ကြားရတဲ့ အကြောင်းရင်းကို ထုတ်ပြန်ပေးဖို့ ဒေသခံမဲဆန္ဒရှင်တွေက NLD ပါတီနဲ့ ပြည်နယ်အစိုးရအဖွဲ့ထံ ဖေဖော်ဝါရီလကုန်လောက်ကတည်းက တင်ပြထားပေမယ့် အခုချိန်ထိ အကြောင်းပြန်မှုမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ပါတီတာဝန်ရှိသူတွေ၊ ဒေသခံမဲဆန္ဒရှင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးမြန်းပြီး RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။