~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စတုတ္ထတန်းသင်ရိုးညွှန်းတမ်းရဲ့ စာရိတ္တနဲ့ပြည်သူ့နီတိသင်ခန်းစာထဲက “ဝံသာနုစိတ်ဓာတ်” ဆိုတဲ့ ကဗျာထဲမှာ “သွေးနှောခြင်းကို ငါတို့မုန်း၊ လူမျိုးအညွန့်တုန်း” ဆိုပြီး သင်ပေးနေတာဟာ လူမျိုးနဲ့ ကိုးကွယ်ရာဘာသာမတူတာကို ခွဲခြားဆက်ဆံတတ်တဲ့အလေ့အကျင့် အယူအဆဖြစ်စေတဲ့အတွက် ကြပ်မတ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၁၀၀ ကျော်က နိုင်ငံတော်သမ္မတဆီကို အိတ်ဖွင့်ပေးစာ တစ်စောင် ဒီနေ့ ပေးပို့လိုက်ပါတယ်။
အခုလိုခွဲခြားမှုတွေနဲ့ပတ်သက်ပြီး အထူးသတိထားပါတယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။
RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်တင်ပြထားပါတယ်။