တိုင်းနဲ့ ပြည်နယ်လေးခုမှာ HIV/AIDS ဝေဒနာသည် များပြားနေဆဲ

2018-11-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မူးယစ်ဆေး ထိုးသွင်းနေသူတစ်ဦးကို တွေ့ရစဉ်။
မူးယစ်ဆေး ထိုးသွင်းနေသူတစ်ဦးကို တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါဖြစ်ပွားနှုန်းကျဆင်းလာတာတွေ့ရပေမယ့် တိုင်းနဲ့ပြည်နယ် လေးခုမှာ ရောဂါသည် များပြားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါဖြစ်ပွားနှုန်းကျဆင်းလာတာတွေ့ရပေမယ့် တိုင်းနဲ့ပြည်နယ် လေးခုမှာ ရောဂါသည် များပြားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ အဖြစ်များနေသေးတာလို့ ကျန်းမာရေးဝန်ကြီးဌာန-ခုခံအားကျဆင်းမှုနဲ့ ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက RFA ကိုပြောပါတယ်။

ရန်ကုန်တိုင်းမှာ လိင်ဆက်ဆံမှုတွေကနေ ကူးစက်မှုများတာတွေ့ရပြီး စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာတော့ မူးယစ်ဆေးထိုးတဲ့အခါ ဆေးထိုးအပ်တွေကတဆင့် ကူးစက်မှု များနေတာလို့ ဆိုပါတယ်။

အခုနောက်ပိုင်းနှစ်တွေမှာ အနယ်နယ်အရပ်ရပ်က စီးပွားရေးကြပ်တည်းလို့ ရန်ကုန်မြို့ကို ပြောင်းရွှေ့ လာတဲ့သူတွေများတဲ့အတွက် ရန်ကုန်မှာ လူဦးရေထူထပ်နေတာကလဲ HIV ဝေဒနာသည် များနေရတဲ့ အကြောင်းရင်းတခု ဖြစ်တယ်လို့ NLD ပါတီရဲ့ HIV လူနာကူညီစောင့်ရှောက်ရေးတာဝန်ခံ ဒေါ်ဖြူဖြူသင်း ကပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂ဝ၁၇ မှာ တွက်ချက်ထားတဲ့စာရင်းအရ တနိုင်ငံလုံးမှာ ရောဂါဝေဒနာသည် နှစ်သိန်း နှစ်သောင်းခုနစ်ထောင်ကျော် ရှိတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ဝ.၅၇ ရာခိုင်နှုန်း ဖြစ်တယ်လို့ဆိုပါတယ်။

ဝေဒနာသည်တွေအတွက်လိုအပ်တဲ့ ART ဆေးကို အခု NLD အစိုးရလက်ထက်မှာ အစိုးရရဲ့ထောက်ပံ့မှုရော၊ ကုလသမဂ္ဂရဲ့ထောက်ပံ့မှုအရပါ ပိုပေးလာနိုင်တဲ့အတွက် ရောဂါသည် ၁ သိန်းခွဲ ကျော်အတွက် အခမဲ့ဖြန့်ဝေပေးနိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေကျန်းမာရေးဗဟုသုတရစေဖို့ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ကို ရန်ကုန်မြို့က ပြည်သူ့ရင်ပြင်မှာ ဟောပြောဆွေးနွေးပွဲနဲ့ ဖျော်ဖြေပွဲတွေကျင်းပဖို့ အစိုးရနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြင်ဆင်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့