ICC ကြေညာချက်အပေါ် ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေ အမြင်

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှင်ထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုအဖြစ် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စီရင်ပိုင်ခွင့်ရှိတယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။

ဒီလိုကြေညာခဲ့တဲ့အပေါ် မြန်မာအစိုးရဘက်က လျစ်လျူရှုမနေဘဲ မဖြစ်မနေ တုန်ပြန်ဖို့လို့အပ်လာပြီလို့ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။

RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။