ကချင်ပြည်နယ်က တကျော့ပြန် တိုက်ပွဲတွေအကြောင်း တင်ပြချက်


2017.12.16

ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့အကြား ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာပြီး တပ်မတော်ဘက်က ဂျက်လေယာဉ်တွေသုံးပြီး တိုက်ခိုက်မူတွေရှိသလို မြေပြင်တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် စစ်ရေးအရ ဖိအားပေးတာဖြစ်နိုင်သလို KIA အဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖြတ်တောက်ချင်တာလဲပါနိုင်တယ်လို့ KIA ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်း အနည်းငယ်ငြိမ်သက်နေခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေ အခုရက်ပိုင်းအတွင်း ဘာကြောင့် ပြန်လည်ဖြစ်ပွားနေရတာလဲ ဆိုတာကို နိုင်ငံရေးလေ့လာသူတချို့ကို မေးမြန်းပြီး RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။