ရခိုင်ပြည်နယ် ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

2017-09-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ် မောင်တောခရိုင်က ရဲစခန်း ၃၀ ကျော်ကို ARSA လို့ နာမည်ပေးထားတဲ့ အကြမ်းဖက် မွတ်စလင်အဖွဲ့က သြဂုတ်လ ၂၅ ရက်နေ့မှာ ဝင်တိုက်ပြီးတဲ့နောက် အဲဒီဒေသမှာနေထိုင်တဲ့ ရခိုင်၊ ဒိုင်းနက်၊ မြိုစတဲ့ တိုင်းရင်းသားတွေရော၊ ဟိန္ဒူဘာသာဝင်တွေနဲ့ သာမန်အရပ်သား မွတ်စလင်တွေပါ ထွက်ပြေးရတဲ့ဖြစ်ရပ်က ဒီနေ့ဆို ၁၉ ရက်ရှိခဲ့ပါပြီ။ ဒါပေမဲ့ ဒီနေ့ထိ မီးခိုးငွေ့မတိတ်သေးပဲ တိုင်းရင်းသားတွေက ပြည်တွင်းထဲကိုဝင်ပြေးနေကြပြီး၊ မွတ်စလင်တွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေတာတွေ့ရပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတဝိုက်က အခြေအနေတွေနဲ့ ဒီပြဿနာကို ဘယ်လိုရှုမြင်လဲ၊ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့